Main menu

Background

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ယခုသီတင်းပတ်တွင်ဆန်လျော့နည်းတင်ပို့

Wed, 01/13/2016 - 11:26 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၆ မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိ သီတင်းပတ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၂၈၅၁၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၂၉၈၀ တန်  လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်း ဆန်ဈေးနှုန်းမှာ ဧည့်မထ ၅ မှတ် တစ်တန်လျှင်ကျပ် ၅ ဒသမ ၅၅ သိန်း၊ ၁၀ မှတ် ကျပ် ၅ ဒသမ ၄၇ သိန်း၊ ၂၅ မှတ် ကျပ် ၅ ဒသမ  ၀၇ သိန်း၊ငစိန် ၁၅ မှတ် ကျပ် ၅ ဒသမ ၃၁ သိန်း၊ ၂၅ မှတ် ကျပ် ၅ ဒသမ ၇ သိန်း  အသီးသီးဈေးပေါက်ပြီး တစ်ဖက်နိုင်ငံ ရွှေလီဆန်ဈေးမှာ ဧည့်မထ ၅ မှတ် ၂၈၂၀ ယွမ်၊ ၁၀ မှတ် ၂၇၆၀ ယွမ်၊ ၂၅ မှတ် ၂၆၄၀ ယွမ်ဈေးအသီးသီးပေါက်နေပါတယ်။ယခုတစ်ပတ်မှာဆန်ကားစီးရေ ၁၃၃၄ စီး၊ကုန်ပစ္စည်းပမာဏအားဖြင့် ဆန် ၂၈၅၁၂ တန်ကျော် အဝင် ရှိတယ်လို့ သိရပါ တယ်။ သယ်ယူပို့ဆောင်ခအနေနဲ့ မန္တလေး-မူဆယ်-တန်ချိန် တစ်ပိဿာကို ၉၂ ကျပ်မှ ၉၅ ကျပ်ဖြစ်ပါတယ်။    
MIRT