Main menu

Background

ကုန်သွယ်ရေးစခန်းများမှ ရော်ဘာပိုမိုတင်ပို့

Wed, 01/13/2016 - 13:14 -- journal_editor

ကုန်သွယ်ရေးစခန်းများမှဒီဇင်ဘာလနောက်ဆုံး ပတ်အတွင်းရော်ဘာတင်ပို့မှုမှာ ၈၄၂ တန်ကျော်ဖြစ်ပြီး၊ တန်ဖိုးမှာ ကန်ဒေါ်လာ  သုည ဒသမ ၈၁၈ သန်းဖြစ်ပါ တယ်။စခန်းအလိုက်တင်ပို့ မှုမှာမူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန် မှ RSS-3 ၄၅၆တန်ကျော်၊MSR- 20  ၇၂ တန်ခန့်၊ MSR- 50 တန် ၁၅၀၊ချင်းရွှေဟော်စခန်းမှRSS-3 ၁၆၄ တန်ဖြစ်ပါတယ်။ ဒီဇင်ဘာတစ်လလုံးတင်ပို့မှုကတော့ကန်ဒေါ်လာ ၆ ဒသမ ၅၁၇ သန်းဖိုးရှိ ရော်ဘာတန်ချိန် ၆၇၂၈ တန်ေ ကျာ်ဖြစ် ပါတယ်။ အနီး စပ်ဆုံး နိုဝင်ဘာလထက် တန် ၂၄၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ယခုဘဏ္ဍာနှစ် ဧပြီလမှဒီဇင်ဘာလထိကန်ဒေါ်လာ ၁၆ ဒသမ ၃၀၈ သန်းဖိုးရှိ ရော်ဘာ ၄၀၂၇၄ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါတယ်။ယမန်နှစ် ကာလတူကတော့ ၂၉၁၃ တန်သာ တင်ပို့နိုင်ခဲ့တာမို့ ယခုနှစ်မှာ ၁၀၈၆၁ တန် ပိုမိုတင်ပို့ထားနိုင်ပါတယ်။ရော်ဘာဈေးအနေနဲ့ကတော့ ယခုတစ်ပတ်မှာ ဈေးအနည်းငယ်ကျကြောင်း သိရပါတယ်။ မူဆယ် ကုန် စည်ဒိုင်ဈေးနှုန်းအရ  RSS-3 တစ်တန်ကို ယခင်တစ်ပတ် က ၁၃၈၄၇၆၁ ကျပ်ရှိပြီး ယခုတစ်ပတ်မှာ  ၁၃၇၃၈၁၄ ကျပ်ရှိကြောင်း သိရှိရပါတယ်။ ယမန်နှစ် ကာလတူတုန်း ကတော့ RSS-3တစ်တန်ကို ၁၄၉၀၆၇၄ကျပ်ရှိခဲ့ပါ တယ်။ ဒေသပေါက်ဈေး အနေနဲ့ မြိတ်ဒေသမှာ  RSS-3  တစ်ပေါင်ကို ၅၈၇ကျပ်ဖြစ်ပြီး၊ RSS-5 တစ်ပေါင်ကို ၄၈၈ ကျပ်ရှိကြောင်း သိရှိရပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်းဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေ မှာရော်ဘာဈေးတက်ခဲ့ ပြီး နိုဝင်ဘာ လ၊ ဒီဇင်ဘာလအတွင်းမှာတော့  အနည်းငယ်  ဈေးပြန်ကျခဲ့ပါ တယ်။                                                  

ယဉ်ယဉ်အေး