Main menu

Background

မြိတ်ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ် ကာလတူထက်ပါရေထွက်ကုန်ပိုမိုတင်ပို့

Tue, 04/05/2016 - 12:14 -- journal_editor

    မြန်မာ-ထိုင်းနယ်စပ်ရ ှိ မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၁၆ ခုနှစ် မတ်လ အတွင်းကန်ဒေါ်လာ ၁၀ ဒသမ ၁၅၄ သန်းတန်ဖိုးရှိရေထွက်ကုန်  ၉၅၄၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  အနီး စပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက တန်ဖိုး ကန်ဒေါ်လာသုည ဒသမ ၃၅၇  သန်း၊ တန်ချိန် ၉၁၇ တန်ကျော်၊ ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက တန်ဖိုးကန် ဒေါ်လာ၂ ဒသမ ၂၃၂ သန်း၊ တန်ချိန် ၂၆၉၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ  မတ်လ အတွင်းတင်ပို့ခဲ့သောရေထွက် ကုန်များမှာ ငါးမျိုးစုံ ၆၆၂၈တန်ကျော်၊ ပုစွန် ၁၄၅ တန်ကျော်၊ငါးမှုန့် ၂၆၄၆ တန်ကျော်၊  ကင်းမွန်(အခွံချွတ်)၁၆ တန်ကျော်၊အေးခဲကဏန်းပျော့ ၅၇၆ ကီလိုဂရမ်၊ငါးအသားလွှာ ၂၄ တန်၊ ကဏန်းနီ ၂၅ တန် ကျော်၊ပုစွန်ခြောက် နှစ်တန်ကျော်၊ကင်းမွန်၁၂တန်ကျော်၊ ကဏန်းသေး(အသေ) လေးတန်ကျော်၊သဲကဏန်းနှစ်တန်ကျော်၊  ကင်းမွန်ခေါင်းခုနစ်တန်ကျော်နဲ့ ကင်းမွန် ခြောက် ၂၇တန်ကျော်  အသီးသီးတင် ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ်