Main menu

Background

နယ်စပ်စခန်းများမှ ဆိုင်ကယ်တင်သွင်းမှု ကျဆင်း

Thu, 05/31/2018 - 15:47 -- journal_editor

 

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၁၆ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၉၉၄၈ စီး တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၀၄၀၀ စီး တင်သွင်းခဲ့တဲ့အတွက်  ယခု တစ်ပတ်မှာ ၄၅၂ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုညဒသမ ၇၄၅ သန်း တန်ဖိုးရှိ သုံးဘီးဆိုင်ကယ် ၅၈၆ စီးကိုလည်း တင်သွင်းခဲ့ပါတယ်။

ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်မှ ဆိုင်ကယ် များ ပိုမိုတင်သွင်းသော်လည်း  မူဆယ်ကုန်သွယ်ရေးဇုန်မှ လျော့နည်းတင်သွင်းခဲ့လို့ ယခုတစ်ပတ်မှာ လျော့နည်းရ ခြင်း ဖြစ်ပါတယ်။ တင်သွင်းမှုကိုကြည့်ပါက တမူးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၃၆ သန်း တန်ဖိုး ရှိ ဆိုင်ကယ် ၃၃ စီး၊ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုညဒသမ ၀၁၅ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၆၀ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅၈ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၄၄၇ စီး၊ မူဆယ်ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၀၇ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၈၄၀၈ စီး တင်သွင်းခဲ့တယ်လို့ သတင်း ရရှိပါတယ်။                                                              

  မျိုးဇော်