Main menu

Background

မူဆယ်ကုန်သွယ်ရေးဇုန်ရဲ့ သီတင်းတစ်ပတတ်ကုန်သွယ်မှု

Thu, 05/31/2018 - 15:54 -- journal_editor

မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၇၅၅ သန်း၊ သွင်း ကုန် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၈၉၁ သန်း၊ ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၁၀ ဒသမ ၆၄၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သီတင်းပတ်မှာ ပို့ကုန် ပိုင်းတွင် ဆန်ကွဲ၊ ရော်ဘာ၊ ကြက်သွန် နီ၊ နနွင်း၊ ကဏန်း၊ ငါးဆားနယ်၊ သရက် သီး၊ ကျွဲ^နွား(အရှင်) ၊ အမဲသား ခြောက်၊ သကြား၊ ကြံသကာ၊ သဘာဝဓာတ်ငွေ့တို့ကို ပိုမိုတင်ပို့ခဲ့ပြီး သွင်းကုန် ပိုင်းတွင် တယ်လီဖုန်း၊ လယ်ထွန်စက်၊ ယာဉ်အပိုပစ္စည်း၊ သံနှင့်သံမဏိပစ္စည်း များ၊ ဓာတ်မြေသြဇာ၊ ဓာတုဗေဒပစ္စည်း၊ ဆေးဝါးပစ္စည်းများ၊ ဆိုင်ကယ် အပို ပစ္စည်းများနှင့် နို့မှုန့်တို့ကို လျော့နည်း တင်သွင်းခဲ့ပါသည်။ သွင်းကုန် တင်သွင်း မှု လျော့နည်းခဲ့သော်လည်း ပို့ကုန်တင်ပို့မှုများ ပြားခြင်းကြောင့် ယခင်တစ်ပတ် ထက် ကုန်သွယ်မှုပမာဏ များပြားခဲ့ပါသည်။

ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဒေါ် လာ ၁၃၄၇ ကျပ်၊ ၁ ဒေါ်လာ ၆ ဒသမ ၃၆၈ ယွမ်၊ ကျပ် ၁၀၀ လျှင် သုညဒသမ ၄၇၈ ယွမ်နှုန်းရှိကြောင်း တွေ့ရပါ တယ်။ ပို့ကုန်ကားထွက်ခွာမှုအနေဖြင့် ၂၂ ဘီးယာဉ် ၁၉၀၅ စီး၊ ၁၂ ဘီးယာဉ် ၁၆၇၄ စီး၊ ၆ ဘီးယာဉ် ၅၃၀ စီး၊ ၄ ဘီး ယာဉ် ၁၇၄ စီး ဖြစ်ပြီး သွင်းကုန်ကား စီးရေထွက်ခွာမှု အနေဖြင့် ၂၂ ဘီးယာဉ် ၈၆၃ စီး၊ ၁၂ ဘီးယာဉ် ၁၃၄၄ စီး၊ ၆ ဘီးယာဉ် ၂၂၅ စီး၊ ၄ ဘီးယာဉ် ၄ စီးတို့ဖြစ်ကြောင်း သိရပါသည်။

မော်မော်အောင်