Main menu

Background

တာချီလိတ်ခရိုင် မိုင်းယုမှ တရုတ်နိုင်ငံသို့ မေလအတွင်းလယ်ယာထွက်ကုန် ၁၀၈၉တန် ကုန်သွယ်ဆောင်ရွက် နိုင်ခဲ့ကြောင်းသိရ

Fri, 06/15/2018 - 13:45 -- journal_editor

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယုမှအထူးဒေသ(၄)ကိုဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ မေလအတွင်း ကုန်ပစ္စည်း ခြောက်မျိုးတန်ချိန်ပေါင်း ၁၀၈၉တန်ကို တရားဝင်ကုန်သွယ်နိုင်ခဲ့ကြောင်းသိရပြီး  တင်ပို့ခဲ့တဲ့ဒေသ ထွက်ကုန်များ ကတော့ တစ်သျှူးငှက်ပျော တန် ၆၀၀၊ ရွှေဖရုံသီး ၂၆၉ တန်၊ ရော်ဘာစိမ်း  ၂၈ တန်၊ အစေ့ထုတ်ပြောင်း ၈၄ တန်နှင့် ဖရဲသီးနှစ်တန် တင်ပို့ခဲ့ပြီး စက်မှုကုန်ကြမ်းပစ္စည်းထုံး ၁၀၆ တန်ကို တင်သွင်း ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ယခင်က မိုင်းယုဒေသမှ တရုတ်နိုင်ငံသို့ တရားဝင်ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ တရားမဝင် ကုန်သွယ်လမ်းကြောင်းအဖြစ်မှ ၂၀၁၆ခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရက တရားမဝင် ကုန်သွယ်မှု လျော့နည်းရေး ရသင့်ရထိုက် သော အခွန်ငွေတိုးတက်ရရှိရေးအတွက် နယ်စပ်ဝင်ပေါက်များ ကြီးကြပ်ရေး ရှမ်းပြည်နယ်ကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးပြီး ကုန်သွယ်မှုတိုးတက်ရေးနှင့် တရားဝင်အခွန်ရရှိရေးအဖွဲ့စုံ ဖွဲ့စည်းတာဝန်ပေးခဲ့ရာမှ ယခုကဲ့သို့ တရားဝင်ပို့ကုန်သွင်းကုန် လုပ်ငန်းများ တိုးတက်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။                                                        

 မင်းအောင်(တောင်ကြီး)