Main menu

Background

မြဝတီ၌ ဓနိဖူး လက်ဖက်ခြောက် ထုတ်လုပ်နေမှု ကွင်းဆင်းဆောင်ရွကမြဝတီ၌ ဓနိဖူး လက်ဖက်ခြောက် ထုတ်လုပ်နေမှု ကွင်းဆင်းဆောင်ရွက်

Tue, 12/28/2021 - 10:02 -- journal_editor

ကရင်ပြည်နယ် မြဝတီခရိုင်  ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာ ၆ ရက်  နံနက် ၁၀ နာရီတွင်  မြဝတီမြို့ အမှတ် (၄)ရပ်ကွက် အလိုတော်ပြည့်၊  ဇော်ဂျီ(၄)လမ်း၊  လမ်းသွယ်(၅)ရှိ   ပိုင်ရှင် ဒေါ်လှမွန် ဓနိဖူးလက်ဖက်ခြောက်လုပ်ငန်းသို့   ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
    ဓနိဖူးလက်ဖက်ခြောက်လုပ်ငန်းအား    လုပ်ငန်းလိုအပ်ချက်နှင့် ကုန် အညွှန်းအမှတ်အသား ဖော်ပြရာတွင်    စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရ   ပုဒ်မ ၄၁- ကုန်စည်အုပ်စု ရှစ်မျိုး ပါဝင်စေရန်နှင့်  လိုအပ် ချက်များ အား   ထပ်မံရှင်းလင်းဆွေးနွေးပြီး    စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏  သိပ္ပံနည်းကျ သုတေသနပြု ဆောင်ရွက်ချက်နှင့် ကျန်းမာရေး ဆိုင်ရာ  အာမခံချက်များ ထောက်ခံချက် များဖော်ပြနိုင် ရန်  ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး  ကောင်းမွန် သော ဈေးကွက်ရရှိနိုင်ရေး အကြံပြုဆွေးနွေးမှာကြားခဲ့သည်။
    ဓနိဖူးလက်ဖက်ခြောက်လုပ်ငန်း လည်ပတ်မှုအခြေအနေကို ဆက် လက် မေးမြန်းခဲ့ရာလုပ်ငန်းကို  အောက်တိုဘာလဆန်းပိုင်း ၂၀၂၁ ခုနှစ် တွင် စတင်ဆောင်ရွက်ခြင်းဖြစ်သည်။ ဓနိဖူးများကို ကျိုက္ခမီဘက်မှ ဝယ် ယူ၍ ဓနိဖူးတံတစ်ခုလျှင် ကျပ်၁၀ဝ၀ ကျော်ဖြင့် ဝယ်ယူပြီး တစ်စီး၁၀ ချောင်းပါ မြဝတီမြို့အရောက်  ကျပ် ၁၈၀ဝ၀ ကုန်ကျကြောင်း၊ လုပ်သား သုံးဦးဖြင့်သာ လုပ်ငန်းလည်ပတ်လျက်ရှိသည်။  ထုတ်ပိုးမှု  ပါကင်တစ်ခု လျှင် ကျပ် ၇၀ဝ ဖြစ်ပြီး ဓနိဖူးတစ်ချောင်းလျှင်အထုပ်၂၀ခန့် ထွက်ရှိကြောင်း၊ တစ်ထုပ်လျှင် ကျပ် ၅၀ဝ၀ ဖြင့် ရောင်းချပြီးလက်ကားဈေးအနေဖြင့် ၁၀ ထုပ် မှာယူပါက ကျပ် ၄၀ဝ၀၊ အထုပ် ၂၀ မှာယူပါ ကျပ် ၃၅၀ဝ ဖြင့် ဖြန့်ချိ သည်။ ဈေးကွက်အနေဖြင့် ကော့သောင်း၊ ရနောင်း၊ ရန်ကုန်သို့ အနည်းငယ် တင်ပို့ကြောင်း၊ တစ်နေ့လျှင် ထုတ်လုပ်နိုင်မှုပမာဏမှာ  အထုပ် ၂၀ဝ ခန့်  ထုတ်လုပ်နိုင်ကြောင်း သိရသည်။   ထုတ်လုပ်မှုအနေဖြင့် ဓနိဖူးကို  တစ် ရက် ရေစိမ်ပြီးလျှင် ရေသန့်ဖြင့် သန့်စင်အောင် ဆေးကြောရသည်။ ပြီးလျှင် ဓနိအဖူး၊ အရိုးများကို  လှီးဖြတ်၍  သဘာဝနေရောင်ခြည်  ငါးကြိမ်အထိ အခြောက်ခံ နေလှန်းရသည်။ ခြောက်လာလျှင် စနစ်တကျထုပ်ပိုးပြီး စတင် ထုတ်လုပ်သည့်ရက်မှ ထုတ်ပိုးပြီးသည်အထိရှစ်ရက်/ ကိုးရက်အထိ ကြာ မြင့်ကြောင်း၊ ကိုရီးယားလူမျိုးများ၏ VIP အခြေခံ အစားအသောက်ဖြစ်၍ လူမျိုးဘာသာမရွေး    သောက်သုံးနိုင်ကြောင်း၊     ကျန်းမာရေးနှင့်အထူး သင့်လျော်ကြောင်း၊    ဌာနဆိုင်ရာများ၏  ထောက်ခံချက်၊ ခွင့်ပြုချက်များ အပြည့်အစုံရရှိပြီးဆိုပါက   ကိုရီးယားမှ  ဝယ်ယူသူများမှာ ယူမည်ဖြစ်ပါ၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်၍ ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း လေ့လာသိရှိရသည်။
မသဇင်(မြဝတီ)