Main menu

Background

ပြောင်းဖူးပင်မှရရှိသည့်အမယ်သစ်(သို့) ပြောင်းချဉ်ဖက်

Tue, 03/29/2022 - 15:34 -- journal_editor

ပြောင်းဖူးပင်များကို Ever Shine Lashio co.ltd က ဝယ်ယူကာ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချပေးနေသည့်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ပြောင်းဖူးစိုက်သည့်တောင်သူများ ပြောင်းဆံနှင့်  ပြောင်းဖူးပင်ဈေးကွက်နှစ်ခုရရှိ နေ၍ အဆင်ပြေလျက်ရှိပြီး ပြောင်းစိုက်တောင်သူများထံမှပြောင်းပင်များကို အပြင်လိုက်ဝယ်ယူပြီး ပြောင်းချဉ်ဖတ်လုပ်ကာအိမ်နီးချင်းတရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့ရောင်းချပေးနေသည့် ဈေးကွက်တစ်ခုဖြစ်ပေါ်လာ၍ပြောင်းဖူးချိုးပြီးသား အပင်များအလဟဿမဖြစ်စေတော့သည့်အတွက် ပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ယခင်ကပြောင်းဖူးစိုက်သည့်အခါတွင်အဖူးချိုးခြင်း၊ခြွေခြင်း လှန်းခြင်းတို့ကို အဆင့်ဆင့်ပြုလုပ်ပြီးမှသွားရောက်ရောင်းချရသော ကြောင့်တစ်နှစ်လျှင်တစ်ခါတည်းသာစိုက်နိုင်၊ရောင်းနိုင်ချနိုင်ကြောင်းသိရှိရသည်။ယခုလိုအပင်ပါဝယ်ယူပေးခြင်းကြောင့်အဖူးချိုးအချိန်တွင်ပြောင်းဖူးပင်များကိုပါတစ်ခါတည်းရိတ်သိမ်းပြီးစက်ရုံသို့သွားရောက်ပေးပို့ခြင်းဖြင့်တောင်သူ တွေအတွက်ဝင်ငွေထပ်မံရရှိကြောင်း သိရှိရသည်။ရာသီဥတုမှန်ပြီး လုပ်အားလည်း စိုက်နိုင်မည်ဆိုလျှင် တစ်နှစ်ကို နှစ်ကြိမ်သုံးကြိမ်ခန့် စိုက်ပျိုးနိုင်မည် ဟု တောင်သူတစ်ဦးထံမှ သိရသည်။Ever Shine Lashio co.ltd က လားရှိုးမြို့ နှင့်သိန္နီမြို့တို့တွင်စက်ရုံတည်ထားပြီးပြောင်းဖူးပင်များကိုဝယ်ယူပေးကာပြောင်းပင်ချဉ်ဖတ်အနေဖြင့် ကြိတ်ခွဲ၍ တစ်ထုပ်လျှင် ကီလိုဂရမ် ၈၀ဝ ခန့် အလေးချိန်ရှိအောင်ထုပ်ပိုးကာ အိမ်နီးချင်းတစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ပေးသည့်ဈေးကွက်ကို တစ်နှစ်ကျော်ကြာစမ်းသပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။စက်ရုံသို့အရောက်ပို့ ပြောင်းပင်တစ်တန်လျှင် ကျပ် ၅၀ဝ၀ဝ နှုန်းခန့်ရရှိကြောင်၊ ထိုသို့ ပြောင်းဖူးပင်များကိုပါ ပြန်လည်ဝယ်ယူပေးနေသည့်အတွက် တစ်နှစ် လျှင်ပြောင်းဖူးစိုက်ပျိုးခြင်းကို နှစ်ခါမှ သုံးခါထိ ပြုလုပ်နိုင်သောကြောင့် တောင်သူများအနေဖြင့် ပြောင်းဖူး ပင်များမှလည်း ဝင်ငွေပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်မာကြည်(လားရှိုး)