Main menu

Background

တရုတ်နိုင်ငံသို့ ပြောင်းဆန်တင်ပို့နိုင်ရေး စစ်ဆေးဆောင်ရွက်

Thu, 05/26/2022 - 16:02 -- journal_editor

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်သီးနှံများ နှစ်စဉ် တင်ပို့မှုရှိရာ ၂၀၂၂ ခုနှစ်ဧပြီလမှစတင် ၍ မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတ နိုင်ငံ (GACC) တို့ လက်မှတ်ရေးထိုး ထားသည့်  SPS Protocool  အရ တရုတ် နိုင်ငံသို့ ပြောင်းဆန်တင်ပို့ရန် အဆိုပြုလွှာများခေါ်ယူခဲ့ရာ မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့်နှမ်းကုန်သည်များအသင်းမှ ကုမ္ပဏီ  ၁၁၁ ခုနှင့်  ပြောင်းလုပ်ငန်းအသင်းမှ ကုမ္ပဏီ ၃၀  ခု  စုစုပေါင်း ကုမ္ပဏီ  ၁၄၁ ခုအား စစ်ဆေးပေးနိုင်ရန် အဆိုပြုလွှာ  တင် သွင်းလာသည်။ပြည်ထောင်စုနယ်မြေ နေပြည်တော်၊  စားသုံးသူရေးရာဦးစီးဌာနနေပြည်တော်ဦးစီးမှူးနှင့်အဖွဲ့မှ SPS Protocoolအရ တရုတ်နိုင်ငံသို့ ပြောင်းဆန် တင်ပို့နိုင်ရေး စနစ်တကျဆောင်ရွက်နိုင်ရန် ဧပြီ ၂၉ ရက်တွင်  Myanmar  Agribusiness  Public Co., Ltd.        (ကိုယ်ပိုင်) တည်ရှိရာ ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာရှိMAPCO ဆန် စက်ဝင်းအတွင်း ပြောင်းဆန်ထားရှိမည့် သိုလှောင်ရုံ၏ အကျယ်အဝန်း၊ လေဝင် လေထွက်နှင့်    သန့်ရှင်း မှုရှိ/မရှိ၊ငှက်တားဆန်ခါများထားရှိမှု  ရှိ/မရှိ၊ ဖျက်ပိုးနှင့်  ြွကက်နှိမ်နင်းမှု ရှိ/မရှိ၊ ကြမ်းခင်း၊ အမိုး၊ အကာ၊ ပြတင်းပေါက် ထားရှိမှု၊ ကုန်ကြမ်းထားရှိမှု သိုလှောင် ရုံနှင့် ကုန်ချောထားရှိမည့် သိုလှောင်ရုံ  အနေအထား၊ စားသောက်ကုန် အန္တရာယ် ကင်းစင်ရေး စနစ်တကျဆောင်ရွက်မှု ရှိ/မရှိ၊  စားသောက်ကုန်အန္တရာယ် ကင်းစင်ရေး အသိအမှတ်ပြုလက်မှတ် ရရှိထားမှု၊   ပြောင်းဆန်လှန်းကွင်းနှင့် ပြောင်းဆန် အခြောက်ခံစက်ထားရှိမှု၊ အဝတ်လဲခန်းနှင့်  သန့်စင်ခန်းထားရှိမှု အခြေအနေများအား   ကွင်းဆင်းစစ် ဆေး၍  လိုအပ်သည်များ  မှာကြား ဆောင်ရွက်ခဲ့သည်။နေပြည်တော် လယ်ဝေးမြို့နယ် အေလာမြို့ရှိ Top Partner Co.,Ltd. ကုမ္ပဏီသို့ မေ ၂ ရက်တွင်လည်းကောင်း၊ မေ ၁၂ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်ရှိ Bailongma Co,Ltd.    များသို့ ပြောင်းဆန်ထားရှိနိုင်မှု အခြေအနေ များနှင့် သိုလှောင်ရုံ အကျယ်အဝန်း လုံလောက်မှု ရှိ/မရှိ၊  ှဏှ ဏမသအသခသူ ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ သွားရောက်စစ်ဆေးပြီး လိုအပ်သည် များအား အချိန်မီ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားရန် တိုက် တွန်းမှာကြားခဲ့သည်။
စိန်ဝင်း(နေပြည်တော်)