Main menu

Background

ကြက်သွန်နီဈေး ဆက်လက်မြင့်တက်

Tue, 08/30/2022 - 15:17 -- journal_editor

ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမှာ ယခင် ဇွန်လ ဒုတိယပတ် တွင် လက်လီ/လက်ကား တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ -၂၀ဝ၀ ရှိခဲ့ရာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကျပ် ၂၀ဝ၀-၂၂၀ဝ ရှိ၍ တစ်ပိဿာလျှင် ကျပ် ၂၀ဝ နှုန်းခန့် မြင့်တက်သွားခဲ့သည်။ဝင်ရောက်မှုအနေဖြင့်  အောင်လံ၊ ဆိပ်ဖြူ၊ ရေနံချောင်းဘက်မှ ပိဿာ ၃၀ ဝင် အိတ် ၁၅၀ တစ်ပတ်လည်ခန့်ကို ရက်ခြားအဝင်ရှိနေ၍ အဝင်မှာ နည်းသွားသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်သာ အရောင်း အဝယ်ရှိနေပြီး ဈေးနှုန်းမှာ ပွဲရုံဈေး တစ်ပိဿာ (ကြီး/လတ်/သေး)ကျပ် ၂၀ဝ၀၊ ၁၉၀ဝ-၁၈၀ဝ၊ ၁၇၀ဝနှင့် လက်လီဈေး အသေးများတွင် ကျပ် ၂၃၀ဝ-၂၂၀ဝ၊ ၂၁၀ဝ-၂၂၀ဝ၊ ၁၉၀ဝ နှုန်းတို့ ဖြင့် အသီးသီးရောင်းဝယ် လျက်ရှိနေကြသည်။

  ဝင်းလဲ့ဝါ(ပြည်)