Main menu

Background

သြဂုတ်လအတွင်း ဓာတ်မြေသြဇာတန်ချိန် တစ်သိန်းကျော် တင်သွင်း

Thu, 09/22/2022 - 15:32 -- journal_editor

သြဂုတ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၁၂၉ သန်းတန်ဖိုးရှိ ဓာတ်မြေ သြဇာ တန်ချိန် ၈၈၀ဝ၀ ကျော် တင်သွင်းနိုင်ခဲ့သည်။ ယခုတစ် ပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၅၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၃၀ဝခန့်၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၀ တန်ကျော်၊ အီရန်နိုင်ငံမှ တန်ချိန် ၂၀ဝ၀ ခန့်၊ အစ္စရေး နိုင်ငံမှ တန်ချိန် ၁၂၀ တန်ကျော်၊  ဂျပန်နိုင်ငံမှ တန်ချိန် ၂၅၀ တန်ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၃၀ဝ၀ ခန့်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ခန့်၊  ပီရူးနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၆၀ဝ၀ ခန့်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ  တန်ချိန် ၁၁၀ဝ၀ ကျော်နှင့် ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ကျော်တင်သွင်းခဲ့ကြောင်း သိရသည်။ သြဂုတ်လအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဓာတ်မြေ သြဇာ  အများဆုံး တင်သွင်းကြောင်း သိရသည်။ အနီးစပ်ဆုံး ကာလနှင့်နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၁၀ဝ၀ကျော် တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်မှုမှ  ယခုတစ်ပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၇ ဒသမ ၄၇၈ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၄၀ဝ၀ ကျော်အား တင်သွင်းခဲ့သည်။ တင်သွင်းမှု များအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် 
၈၅၀ဝ ကျော်၊ အိန္ဒိယ နိုင်ငံမှ တန်ချိန် ၃၅၀ဝ ကျော်နှင့် တရုတ်နိုင်ငံမှ တန်ချိန် ၂၀ဝ၀ ကျော် တင်သွင်းခဲ့ပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း မှတစ်ဆင့် သြဂုတ်လအတွင်း ထိုင်းနိုင်ငံမှ  ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်း သိရသည်။ အနီးစပ်ဆုံးကာလ ဖြစ်သော ဇူလိုင်လ နှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၄၀ဝ ခန့် တင်သွင်းမှု ပိုမိုခဲ့ကြောင်း သိရသည်။ သြဂုတ်လအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ဓာတ်မြေသြဇာ တန်ချိန် ၁၀၂၀ဝ၀ တင် သွင်းခဲ့သည်။             
 အိမ့် (DOT)