Main menu

Background

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လအတွင်း ကုန်သွယ်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ဆောင်ရွက်

Thu, 09/22/2022 - 15:38 -- journal_editor

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ယခုဘဏ္ဍာနှစ် သြဂုတ်လအတွင်း လုပ်ငန်းဆောင် ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၈၅၆သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃၂၂ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၁၇၈သန်း ဆောင်ရွက်ခဲ့သည်။ ယမန်နှစ်ကာလ တူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၂၂၈သန်း၊ သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄၀ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၄၆၈ သန်း ပိုမိုခဲ့ကြောင်း သိရှိရသည်။
ပို့ကုန်ပိုင်း  ပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများ ပိုမို တင်ပို့နိုင်သောကြောင့်ဖြစ်သည်။  သွင်းကုန်ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းနှင့်   လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ ပိုမို တင်သွင်းသောကြောင့်ဖြစ်သည်။အနီးစပ်ဆုံး  ဇူလိုင်လ  လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက  ပို့ကုန်ပိုင်းတွင် တန်ဖိုး  အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၄၁ သန်း၊ သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၉ဒသမ ၁၅၁သန်း လျော့နည်းခဲ့သော
ကြောင့် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၀ဒသမ ၉၉၂သန်း လျော့ကျ ခဲ့သည်။ ပို့ကုန်ပိုင်း လျော့ကျရခြင်းမှာ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သော   မြေထောက်ပဲ၊ ပဲတီစိမ်း၊ ပဲယင်း၊ ထောပတ်ပဲ၊ ပဲနီကြား၊ နှမ်းမျိုးစုံ၊ ပြောင်းချဉ်ဖတ်၊ လက်ဖက် ခြောက် အပါအဝင် အခြားလယ်ယာထွက်ကုန်များ တင်ပို့မှု လျော့ကျခဲ့သောကြောင့်ဖြစ်သည်။ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှု လျော့ကျခဲ့သော်လည်း သတ္တုတွင်းထွက်နှင့် စက်မှု ကုန်ချောတို့ ပိုမိုတင်ပို့နိုင်ခဲ့သည်။ အနီးစပ်ဆုံး ကာလထက် သွင်းကုန် လျော့နည်းရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ တင်သွင်းမှု လျော့ ကျခဲ့သောကြောင့်ဖြစ်သည်။
မူဆယ်(၁၀၅) မိုင်   ကုန်သွယ်ရေးဇုန်မှ  သြဂုတ်လ အတွင်းတင်ပို့ခဲ့သော ပစ္စည်းများမှာ ဆန် ၁၀၁၆၃ တန်ကျော်၊ ဆန်ကွဲ ၂၁၇၂၂ တန်ကျော်၊ ပဲမျိုးစုံ ၁၈၆၅ တန်ကျော်၊ နှမ်း မျိုးစုံ ၉၀၆ တန်၊ ကြက်သွန်နီ ၅၇၉ တန်ကျော်၊သီဟိုဠ်စေ့ ၁၇၃ တန်၊ ရော်ဘာစိမ်း ၂၄၄ တန်နှင့် အခြားလယ်ယာထွက်ပစ္စည်း များ၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ သတ္တုတွင်းထွက်၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြား ပစ္စည်းများဖြစ်သည်။ သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံ မှုပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း နှင့်  လူသုံးကုန်ပစ္စည်း များဖြစ်သည်။ သြဂုတ်လ လုပ်ငန်းဆောင်ရွက်မှုမှာ ယမန် နှစ်ကာလတူထက် ကုန်သွယ်မှု ပမာဏ ပိုပြီး အနီးစပ်ဆုံး ကာလထက် လျော့ ကျခဲ့ကြောင်း မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ သိရှိရသည်။           
CJ