Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

Thu, 09/29/2022 - 11:13 -- journal_editor

စက်တင်ဘာ ၁၀ ရက်မှ ၁၆ရက်အထိ ကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၄ ဒသမ ဝ၃၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ  ၃၁ ဒသမ ၆၇၆ သန်း ရှိပြီး ကုန်သွယ်မှုပမာဏ ၄၅ ဒသမ ၇၀၆ သန်း ဆောင်ရွက်နိုင် ခဲ့သည်။  အနီးစပ်ဆုံးကာလဖြစ်သော ယခင်တစ်ပတ်ဆောင်ရွက် မှုနှင့်နှိုင်းယှဉ်ပါက  ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၇၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၇၉ သန်း   ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၅  ဒသမ ဝ၅၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအနေဖြင့် ယခုတစ် ပတ်တွင် ပို့ကုန်အမယ်များဖြစ်သော မတ်ပဲ၊နှမ်းဖြူ၊ ကြက်သွန်နီ၊ ရော်ဘာစိမ်း၊ ပြောင်းကြိတ်ဖတ်မှုန့်၊ သစ်ဂျပိုးခေါက်၊ နွယ်ချို၊ ကဏန်း၊ အခြားစက်မှုကုန်ချောနှင့် အခြားပစ္စည်းများ တင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပိုကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၇၄ သန်းပိုမိုခဲ့ပြီး သွင်းကုန်အနေ ဖြင့် လယ်ယာသုံး နောက်ဆက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေး ပစ္စည်းကိရိယာများ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သောပစ္စည်း ကိရိယာများ၊ ဝါယာကြိုး များ၊ ဓာတုဗေဒပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ ပလတ်စတစ်ကုန် ကြမ်းပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ တာယာနှင့် ကျွတ်များ၊ ဘက်ထရီအခြောက်များ၊ အလှကုန်ပစ္စည်းမျိုးစုံနှင့် မီးဖိုချောင် သုံးပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့ခြင်းကြောင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၉၇၉ သန်း ပိုမိုခဲ့ကြောင်းသိရသည်။ မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏ လျာထား ချက်အပေါ် ပြည့်မီကျော်လွန်ရေး ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး စခန်းမှ ပို့ကုန် သွင်းကုန်လိုင်စင်များ အချိန်နှင့်တစ်ပြေးညီ ခွင့်ပြု ပေးနေခြင်း၊ တစ်ဖက်နိုင်ငံ အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းနိုင်ငံ  သက်သေခံလက်မှတ်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးခြင်း ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေး ခြင်းများ ကုန်သွယ်မှုဆက်စပ်သည့် ဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ကုန်သွယ်မှု တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှသိရသည်။
အိမ့် (DOT)