Main menu

Background

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ   စက်တင်ဘာလ ဒုတိယပတ်အတွင်း ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

Thu, 09/29/2022 - 11:18 -- journal_editor

စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ကာလအတွင်း ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၂ဒသမ ၅၂၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ  ၂ ဒသမ ၂၆၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ၄ ဒသမ ၇၈၇ သန်းဖြစ်ပြီး ကာလတူ ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂ဒသမ ၂၄၂ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၅၇ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၂  ဒသမ ၃၀ဝ သန်း ပိုမိုဆောင်ရွက်ခဲ့သည်။ယမန်နှစ် ကာလတူထက် ပို့ကုန်ပိုင်းပိုမိုခဲ့ခြင်းမှာ ဝဥ (အခြောက်)၊ ဝဥ(အစို)၊  ဆန်ကွဲ၊ ရော်ဘာ၊ နှံစားပြောင်း၊ ကွမ်းသီးခွံ၊ လက်ဖက်ခြောက်တို့ တင်ပို့မှုပိုမိုခဲ့ခြင်း ကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင်  ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုနှင့် လူသုံးကုန် ပစ္စည်းအုပ်စုတွင် တင်ပို့မှု လျော့နည်းခဲ့သော်လည်း  လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏာပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
   အိမ့် (DOT)