Main menu

Background

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှု

Thu, 09/29/2022 - 13:13 -- journal_editor

မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၅ သန်းနှင့် သွင်းကုန်တင်သွင်းမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၁ သန်းဖိုး လုပ်ငန်းဆောင် ရွက်နိုင်၍ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂၆ သန်းဖြစ်ကြောင်း သိရှိရသည်။ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၂ သန်းနှင့် သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၄ သန်းလျော့နည်းခဲ့ပြီး ကုန်သွယ်မှုပမာဏတန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၆ သန်းလျော့နည်းခဲ့ကြောင်း သိရသည်။ 
ပို့ကုန်တင်ပို့မှုတွင် ရော်ဘာစေး၊ Amomi Fructus  တို့ တင်ပို့မှု လျော့နည်းခဲ့ပြီး သွင်းကုန်တင်သွင်းမှုတွင် ဘိလပ်မြေ၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့်  အခြားယာဉ်များ၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓာတုဗေဒပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း လယ်ထွန်စက်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူများနှင့် သတ္တုကုန်ကြမ်းများ တင်သွင်းမှုလျော့ကျခဲ့ကြောင်း သိရှိရသည်။
ယခုတစ်ပတ် တာချီလိတ်မှ ကျိုင်းတုံသို့ ပစ္စည်းသယ်ယူခနှုန်း ထားများမှာ ကုန်ကျစ် တစ်ပိဿာ ၆၅ ကျပ်၊ ကုန်ပွ တစ်ပိဿာ ၁၀ဝ ကျပ်ခန့်ရှိပြီး ဓာတ်ဆီ တစ်လီတာလျှင် ၃၇ ဘတ်၊ ဒီဇယ်ဆီ တစ်လီတာလျှင် ၄၂ ဘတ်ရှိပြီး စက်သုံးဆီ ဈေးနှုန်းတည်ငြိမ်လျက်ရှိ ကြောင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ သိရှိရသည်။
CJ