Main menu

Background

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ပတ်အတွင်း  ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်ဆောင်ရွက်

Thu, 09/29/2022 - 13:15 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ် အတွင်း ပို့ကုန်တင်ပို့မှု  တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၀၃ သန်း၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ  အမေရိကန် ဒေါ်လာ ၇ ဒသမ ဝ၇၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ယခုတစ်ပတ်အတွင်း ငါးရှဉ့်၊ ဆန်ကွဲ၊ ကဏန်း၊ ဝါ၊ ကွမ်းသီး၊ ဆန်၊ နနွင်းတက်(ရှမ်း)၊ ပရဆေး ကုန်ကြမ်းများ အများဆုံးတင်ပို့ခဲ့ပြီး လယ်ယာသုံး  နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ လျှပ်စစ်ဓာတ် ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်း များ၊ စက်နှင့်စက်ပစ္စည်းများ၊ လယ်ထွန်စက်များ၊ သတ္တုကုန် ကြမ်းပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ဓာတု ဗေဒပစ္စည်းများ အများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။ယခင်တစ်ပတ်ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၈ သန်း ပိုမိုခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ဝ၂၇ သန်း လျော့နည်းခဲ့၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၂၉ သန်းလျော့နည်းခဲ့ကြောင်း သိရသည်။ ပို့ကုန် တန်ဖိုး ပိုမိုရခြင်းမှာ ဝါ၊ ကွမ်းသီး၊ ငါးရှဉ့်၊ ဆန်ကွဲ၊ ချဉ်ပေါင် ဖာလာ( အခွံပါ) တို့  ပိုမိုတင်ပို့နိုင်သောကြောင့်ဖြစ်သည်။သွင်းကုန်တန်ဖိုးလျော့ကျရခြင်းမှာ စက်နှင့် စက်ပစ္စည်း များ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့်   တပ်ဆင်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ဆေးဝါးများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ တင်သွင်းမှု လျော့နည်းခဲ့သောကြောင့် ဖြစ်သည်။ မန္တလေးမှ မူဆယ်သို့ သယ်ယူခနှုန်းထားများမှာ ယခင် တစ်ပတ်အတိုင်း ပြောင်း၊ ဆန်၊ ပဲတီစိမ်း၊ နှမ်း၊ ရော်ဘာ တစ် ပိဿာ ကျပ် ၂၀ဝ နှုန်းနှင့် မပြောင်းလဲဘဲ ဈေးတည်ငြိမ်လျက်ရှိ ကြောင်း မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ သိရှိရသည်။             
CJ