Main menu

Background

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ယခင်တစ်ပတ်ထက် ကုန်သွယ်မှု ပိုမိုဆောင်ရွက်

Wed, 10/12/2022 - 13:18 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၃၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၁၁ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၂၄၄ သန်း ဆောင်ရွက်ခဲ့သည်။ ယခင်တစ်ပတ် ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၅၄ သန်း၊ သွင်းကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၂၂ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၇၆ သန်း ပိုမိုခဲ့သည်။ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်း ပိုမိုရခြင်းမှာ  ငါးရှဉ့်၊ ဆန်၊ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်းနက်တို့ ပိုမိုတင်ပို့ နိုင်ခြင်းကြောင့် ဖြစ်ပြီး သွင်းကုန်ပိုင်း ပိုမိုရခြင်းမှာ စက်နှင့်စက်ပစ္စည်း၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပို ပစ္စည်းများ၊ လယ်ထွန်စက်များ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ယခုတစ်ပတ် အများဆုံးတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ ငါးရှဉ့်၊ ဆန်ကွဲ၊ ရော်ဘာ၊ ကဏန်း၊ နှမ်းနက်၊ ဆန်၊ ဝါ၊ သီဟိုဠ်စေ့ (အခွံမပါ)၊ ပဲတီစိမ်း၊ နနွင်းတက်(ရှမ်း)၊ နှမ်းဖြူ၊ မြေပဲဆန်တို့ဖြစ်ပြီး အများဆုံး တင်သွ င်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ စက်နှင့် စက်ပစ္စည်း၊ သတ္တုကုန်ချောဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ လယ်ထွန်စက်များ၊ မော်တော် ယာဉ် နှင့် မော်တော်ယာဉ် ပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်းများ၊ ချုပ်ပြီး အဝတ်အထည်များ၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ အစရှိသည်တို့ ဖြစ်ကြောင်း သိရသည်။                                                                                                                                                    CJ