Main menu

Background

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့်ဆန်များကို စစ်ဆေး

Tue, 11/01/2022 - 13:43 -- journal_editor

မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ   အစိုးရတို့အကြား G to G  MoUအရ    မြန်မာနိုင်ငံ    ဆန်စပါး အသင်းချုပ်အား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်
အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကုမ္ပဏီ ၄၈ ခုမှ ဆန်တန်ချိန် နှစ်သိန်း ကျော်ကို စာချုပ်ချုပ်ဆို ရောင်းချသွား မည် ဖြစ်သည်။ထိုသို့  ဆန်တင်ပို့
ရောင်းချရာ တွင်   ကုန်ဝယ်သူဘက်မှ Third Party Inspection Team  အနေနှင့်   SGS  ကို ငှားရမ်းသုံးစွဲလျက်ရှိသည်။ ကုန်ရောင်း ချသူဘက်မှ ဆန်တင်ပို့ရောင်းချသည့်  လုပ်ငန်း
 အစီအစဉ်များ  အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာကုန် ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ် ငန်းလီမိတက် (Myanmar Inspection and Testing Services Ltd. -
 MITS) ကို ဝယ်/သယ်/သို/ကြိတ်/တင် လုပ် ငန်းစဉ်များတွင်   အဓိကကျသည့် သင်္ဘောအလိုက်  Cargo Readiness အခြေအနေ၊ စာချုပ်ပါ အရည်အသွေး သတ်မှတ်ချက်နှင့်
 ညီ/မညီစိစစ်သုံး သပ်ရန်အတွက်   တာဝန်ပေးအပ်ထား ကြောင်း သိရသည်။ ယခုအခါ  MV-VTC Ocean သင်္ဘောနဲ့  ကုမ္ပဏီ ၁၈ ခု၏  ဆန်တန် ချိန် ၂၁၃၀ဝ မက်ထရစ်တန်ကို ပထမ အသုတ်
အနေဖြင့်    တင်ပို့နေပြီဖြစ် သည်။ ၂၀၂၂ ခုနှစ်  အောက်တိုဘာ  ၁၀ ရက်မှစတင်ပြီး  MITS သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ၏ဆန်စက်များတွင် စာချုပ် ပါ
အရည်အသွေးနှင့်  ကိုက်ညီသော ဆန်များ အသင့် ရှိ၊ မရှိ(Cargo Readi- ness)  အပါအဝင် တာဝန်ပေးအပ်ထား သော အချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စတင်  ဆောင်ရွက်နေပြီဖြစ်သည်။
အောက်တိုဘာ ၁၀ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ကုမ္ပဏီ ၁၅ ခု၏ ဆန် တန်ချိန်  ၁၃၅၈၂ တန်  ဝန်းကျင်ကို  MITS   က   စစ်ဆေးပေးထားပြီးဖြစ် ကြောင်း သိရသည်။                     
KKCM (MITS)