Main menu

Background

နိုဝင်ဘာလအတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာတင်သွင်းမှု အခြေအနေ

Wed, 12/21/2022 - 10:34 -- journal_editor

ဓာတ်မြေသြဇာ       

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၅၂ ဒသမ ၅၈၈ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၉၇၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၄၅၀ဝ၀၊ မလေးရှားနိုင်ငံမှ တန်ချိန် ၂၂၀ဝ၀ခန့်၊  အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ကျော်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၉၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၃၅၀ဝကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၆၀ဝ ကျော်၊ အိုမန်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ထိုင်ဝမ်မှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၈၅၀ ခန့်၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၅၅၀ ခန့်၊ အစ္စရေးနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ဖင်လန်နိုင်ငံမှ တန်ချိန် ၁၅၀ ခန့်နှင့် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၈၀ ကျော်နှင့် အိန္ဒိယနိုင်ငံမှ ငါးတန်ကျော် တင်သွင်းခဲ့ပြီး နိုဝင်ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၁၅၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့သည်။

နယ်စပ်ကုန်သွယ်မှုမှ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၉၁ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၂၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ တန်ချိန် ၆၀ဝ၀ ကျော် ထိုင်းနိုင်ငံမှ တန်ချိန် ၅၀ဝ၀ ကျော်နှင့် အိန္ဒိယနိုင်ငံမှ တန်ချိန် ၆၀ဝ ခန့် တင်သွင်းခဲ့သည်။  နိုဝင်ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်းသိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

ဘိလပ်မြေ

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၄၈ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၆၅၀ဝ ခန့်တင်သွင်းခဲ့သည်။ တင်သွင်း မှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၅၆၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၇၅၀ခန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၀ ကျော်နှင့် စပိန်နိုင်ငံမှ ခုနစ်တန်ကျော် တင်သွင်းခဲ့သည်။ နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံမှ ဘိလပ်မြေ အများဆုံးတင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ဘိလပ်မြေတန်ချိန် ၃၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၇၄ သန်း တန်ဖိုးရှိ  ဘိလပ်မြေတန်ချိန် ၁၄၀ဝ၀ ခန့် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေ တန်ချိန် ၁၂၀ဝ၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

အိမ့်(DOT)