Main menu

Background

နိုဝင်ဘာလအတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Wed, 12/21/2022 - 11:46 -- journal_editor

နို့ဆီ   

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၃ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၁၆၀ဝ ကျော် တင်သွင်းခဲ့သည်။ နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံမှ တန်ချိန် ၉၅၀ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၆၅၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၅၀ဝ ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

နို့မှုန့်

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၇၆ သန်း တန်ဖိုးရှိ နို့မှုန့်တန်ချိန် ၁၃၀ ကျော် တင်သွင်းခဲ့သည်။ နယူးဇီလန်နိုင်ငံမှ တန်ချိန် ၁၁၀ကျော်၊ အိန္ဒိယနိုင်ငံ မှ ၁၂ တန်ကျော်နှင့် ထိုင်းနိုင်ငံမှ တစ်တန်ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့်တန်ချိန် ၂၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ 

ဆေးဝါးပစ္စည်းများ

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ဝ၀၇ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၃၀ဝ၀ ခန့် တင်သွင်းခဲ့သည်။ နိုဝင်ဘာလအတွင်း အာဂျင်တီးနားနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်၊ ဒိန်းမတ်၊ အီကွေဒေါ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယနိုင်ငံနှင့် အခြားသော ဆေးဝါးပစ္စည်း တင်သွင်းသည့် နိုင်ငံစုစုပေါင်း  ၃၂ နိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုမှ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၀၄ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ဝ၀ ခန့် တင်သွင်းခဲ့ သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  တန်ချိန် ၁၂၀ဝခန့်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၈၀ဝ ခန့် တင်သွင်းခဲ့ကြောင်း သိရသည်။                               

အိမ့်(DOT)