Main menu

Background

ယခုတစ်ပတ် ပြောင်းနှင့် ရော်ဘာတင်ပို့မှု အခြေအနေ

Tue, 01/03/2023 - 13:04 -- journal_editor

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၆၄ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၂၂၇၃၀ ကျော် တင်ပို့ခဲ့သည်။  တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၄၈၂၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတန်ချိန် ၅၆၇၀ ကျော်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၂၂၃၀ ကျော် တင်ပို့ကြောင်း သိရသည်။
ယခုတစ်ပတ် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၁၂ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၈၀၇၀ ကျော် တင်ပို့မှုရှိကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတန်ချိန် ၃၀၈၀ဝ ကျော် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၇၆ သန်းရရှိခဲ့သည်။  ယခင်တစ်ပတ် ပြောင်းတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၁၄၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၃၆ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၃၅၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများမှာ  တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၈၁၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၁၂၅၇ တန်နှင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၂၈၀ ကျော် ဖြစ်သည်။
ယခုတစ်ပတ် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၀ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၀ဝ တင်ပို့ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတန်ချိန် ၄၅၅၀ ကျော် တင်ပို့သဖြင့် ယခင် တစ်ပတ် ရော်ဘာတင်ပို့မှုနှင့်  နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၅၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း စာရင်းများအရ သိရ သည်။                                                                                                                                      အေးအေးသန့် (DOT)