Main menu

Background

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တန်ချိန် လေးသောင်းကျော်တင်ပို့

Tue, 01/03/2023 - 14:04 -- journal_editor

ဆန်    
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၄၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၈၀ဝ၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၇၉၇၀ ခန့်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀ဝ၃၀ ကျော် တင်ပို့ခဲ့သည်။ 
တင်ပို့မှု  အများဆုံးနိုင်ငံများမှာ စပိန်နိုင်ငံသို့ ၁၈၇၅ တန်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ဝ၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၇၅ တန်၊ အင်္ဂလန်နိုင်ငံသို့ ဆန်တန်ချိန် ၈၀ဝ၊ လစ်သူရေးနီးယား နိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ တူရကီနိုင်ငံသို့ ဆန်တန်ချိန် ၃၉၀၊ လက်ဘနွန်နိုင်ငံ၊ စလိုဗေးနီးယားနိုင်ငံ၊ ဂရိနိုင်ငံနှင့် ဘူလ်ဂေးရီးယား နိုင်ငံများသို့ ဆန်တန်ချိန် ၂၅၀ စီ၊ ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၀ဝ၊ အီတလီနှင့်ဂျာမနီနိုင်ငံသို့ ၁၀ဝ ကျော်စီနှင့် အခြားနိုင်ငံများသို့ အနည်းငယ် တင်ပို့ခဲ့သည်။
အာရှအဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၉၅၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ဆန်တန်ချိန် ၂၆၅၀၊ ဖိလစ်ပိုင် နိုင်ငံသို့ ဆန်တန်ချိန် ၃၃၈၀ နှင့် စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၅၀ ခန့် တင်ပို့ကြောင်းသိရသည်။
ယခုတစ်ပတ် မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၆၉ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၉၆၀ဝ ကျော် တင်ပို့ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု စုစုပေါင်း တန်ချိန် ၂၇၆၀ဝ တင်ပို့သဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၀၉ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် ဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၂၃၀ဝ ခန့် ပိုမိုတင်ပို့ ခဲ့ကြောင်းသိရသည်။
ဆန်ကွဲ
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂  ဒသမ ၅၃၄ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၆၇၉၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများ အနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၂၄၀ ကျော်၊ အင်္ဂလန်နိုင်ငံ သို့ ဆန်ကွဲ ၁၂၅၀၊  နယ်သာလန်နိုင်ငံသို့  ဆန်ကွဲတန်ချိန် ၅၀ဝ၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၆၂၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲ ၆၂၅ တန်၊ စပိန်နိုင်ငံသို့ ဆန်ကွဲ ၃၇၅ တန်နှင့် အီတလီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၅၀နှင့် ဂျာမနီနိုင်ငံသို့ ဆန်ကွဲ ၂၆ တန် တင်ပို့ခဲ့ သည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၀ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၆၁၈၀ ကျော်တင်ပို့ခဲ့ သည်။ တင်ပို့မှုအနေဖြင့် မြန်မာ-တရုတ်နယ်စပ်မှ ဆန်ကွဲ ၆၀ဝ၇ တန်နှင့် မြန်မာ-ထိုင်း နယ်စပ်မှ ဆန်ကွဲ ၁၇၇ တန်ဖြစ်သည်။  
ယခုတစ်ပတ် နည်းလမ်းနှစ်သွယ်မှ စုစုပေါင်း ဆန်ကွဲတင်ပို့မှု တန်ချိန် ၁၂၉၇၀ ကျော်မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၉၄ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၄၄၀ဝ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၄၀၅၇၀ ကျော်တင်ပို့ခဲ့ပြီး  အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၀၃ သန်း ရရှိခဲ့ ကြောင်း စာရင်းများအရ သိရသည်။            

အေးအေးသန့်(DOT)