Main menu

Background

မြဝတီ ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၆ သန်း ကျော်ဖိုး ဆောင်ရွက်

Tue, 01/31/2023 - 14:44 -- journal_editor

ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း  မြဝတီကုန်သွယ် ရေးဇုန်မှ  ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၂၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၉၆ သန်း ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၈၁၇  သန်း ဖြစ်သည်။ ယခင်တစ်ပတ် ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၇ ဒသမ ၅၀ဝ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏ အနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၇၈ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။  
ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ လယ်ယာထွက်ပစ္စည်းအုပ်စု၊ သစ်တောထွက်ပစ္စည်းအုပ်စု၊ စက်မှုကုန်ချောပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုများ တင်ပို့မှုတွင် လျော့နည်းခဲ့သောကြောင့်ဖြစ်သည်။  သွင်းကုန်ပိုင်းတွင်လည်း   ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၅ သန်း၊ လုပ်ငန်းသုံးပစ္စည်း အုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၅ ဒသမ ၂၄၇ သန်း၊ လူသုံးကုန် ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၄၈ သန်း လျော့နည်းခဲ့သောကြောင့် ကာလတူထက်သွင်း ကုန်ပိုင်းတွင် တန်ဖိုး ၇ဒသမ ၅၀ဝ သန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ပို့ကုန်အမယ်များဖြစ်သော ဆန်၊ မြေပဲဆန်၊ နှမ်းနက်၊ ကြက်သွန်နီ၊ ကော်ဖီစေ့၊ ပုစွန်၊ ငါးမျိုးစုံတို့ တင်ပို့မှု ပိုင်းတွင် လျော့နည်းခဲ့သည်။ သွင်းကုန်ပိုင်းတွင် ဝါယာကြိုးများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ် ပစ္စည်းများ၊ စက်ဘီးအပို ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သုတ်ဆေးပေါလစ်များ၊ သားရေ၊ သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ တင်သွင်းမှုတွင် လျော့နည်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ  လျော့နည်းခဲ့ကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ သိရှိရသည်။
အိမ့် (DOT)