Main menu

Background

တရုတ်နယ်စပ် မူဆယ်(မန့်ဝိန်း)ဂိတ် ပြန်လည်ဖွင့်လှစ်

Tue, 01/31/2023 - 16:31 -- journal_editor

မြန်မာ-တရုတ် နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် (မန့်ဝိန်း)ဂိတ်ကို ဇန်နဝါရီ ၁၄ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီမှစ၍ ပြန်လည် ဝင်ထွက်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
ခြောက်ဘီးကုန်တင်ယာဉ်များအနေဖြင့်  အာဆီယံ   စံချိန် စံညွှန်းနှင့်အညီ ယာဉ်နှင့်ကုန် စုစုပေါင်း ၁၆ တန်ထိသာ တင်ဆောင် ၍ ဝင်/ထွက်ခွင့်ရမည်ဖြစ်သည်။ လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေထွက်ကုန်ပစ္စည်းနှင့် သတ္တုတွင်းထွက်များမှအပ ကျန်ပို့ကုန်ပစ္စည်း များကိုသာ တင်ပို့ခွင်ပြုမည်ဖြစ်သည်။ ဒေသထွက် ကြံတင်ပို့မည့် ယာဉ်များအနေဖြင့်လည်း ခြောက်ဘီးကုန်တင်ယာဉ်ဖြင့် အာဆီယံ စံချိန်စံညွှန်းအတိုင်း  ယာဉ်နှင့် ကုန်စုစုပေါင်း ၁၆ တန်  အထိသာတင်ပို့ခွင့်ရမည်ဖြစ်သည်။ သွင်းကုန်အနေဖြင့်  လူသုံးကုန်၊ စား သောက်ကုန်၊ ဆေးနှင့် ဆေးပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်မှ  ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ယာဉ်နှင့်အတူ ယာဉ်မောင်းတစ်ဦးသာ တရုတ်နိုင်ငံဘက်က သတ်မှတ်ထား ရှိသည့် ကိုဗစ်(၁၉) ရောဂါကင်းစင်ကြောင်း ၄၈ နာရီအတွင်း ဆေးစစ်ချက် အထောက်အထားဖြင့် သွားရောက်ခွင့်ရမည်ဖြစ်သည်။     
တရုတ်နိုင်ငံဘက်က ဝင်ရောက်လာမည့် သွင်းကုန်ယာဉ်များ အနေဖြင့်လည်း  သွင်းကုန်ယာဉ်နှင့်အတူ  ယာဉ်မောင်းတစ်ဦးသာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားရှိသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ် မှတ်ချက်များနှင့်အညီ စစ်ဆေးပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ် သည်။ 
မန့်ဝိန်း ဝင်/ထွက်ဂိတ်မှ   တင်ပို့/တင်သွင်းမည့်ယာဉ်များ အနေဖြင့် အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံး/လုပ်နည်းနှင့်အညီ စစ်ဆေးမှုခံယူပြီးမှသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး ကျိန်စန်းကျော့ ဝင်၊ ထွက်ဂိတ်မှ ကုန်ပစ္စည်း တင်ပို့/တင်သွင်းခြင်းများအား လက်ရှိ အတိုင်း  ဆက်လက်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မူဆယ်မြို့အတွင်းသို့ ခြောက်ဘီးကုန်တင်ယာဉ်များသာ ဝင်၊ ထွက် ခွင့်ပြုမည်ဖြစ်ပြီး ကျိန်စန်းကျော့လမ်းခွဲကျောက်တိုင်  ကျော်လွန်၍ မူဆယ်ဘက်သို့ ရှစ်ဘီးယာဉ်နှင့် အထက်ကုန်တင်ယာဉ်များအား ဝင်၊ ထွက်ခွင့် မပြုကြောင်း သိရှိရသည်။
သက်ပိုင်ဦး (SouthernShan)