Main menu

Background

ချင်းရွှေဟော်နယ်စပ်တွင် မြန်မာ့ကြံတင်ယာဉ်မောင်းများအား တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ခွင့်ပြု

Wed, 02/01/2023 - 16:10 -- journal_editor

တစ်ဖက်တရုတ်နိုင်ငံ မိန်းတိန်မြို့တွင် ကိုဗစ်(၁၉) ရောဂါ ကာကွယ်တားဆီးရေးအစီအစဉ် (နဝမ အကြိမ်) ထုတ်ပြန်ချက်အရ မိန်းတိန်ချင်းရွှေဟော်နယ်စပ်ဂိတ်၏ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ပြင်ဆင်ပြောင်းလဲ  ဖြေလျှော့သွားမည့်အစီအစဉ်တွင် နယ်စပ်ဂိတ်၌ ယာဉ်မောင်းအစားထိုး (ရှန်တိန် ယာဉ်မောင်း) လဲလှယ်ခြင်းများ မပြုလုပ်တော့ကြောင်း သိရှိရသည်။
သို့ရာတွင် နှစ်နိုင်ငံ လူအဝင်/အထွက် ခွင့်ပြုထားခြင်း မရှိသေးသည့်အတွက် ယာဉ်မောင်းများသည် ယခင်စနစ်အတိုင်း နမ့်ဖာဟော်တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင်ခဲ့ရသည်။
မိန်းတိန်ချင်းရွှေဟော် ဂိတ်ဆောက်လုပ်ရေးနှင့် စီမံကြီးကြပ်ရေးကော်မတီမှ လူဝင်လူထွက်ရေးကိစ္စ ဘက်စုံပြန်လည်မဖော်ဆောင်မီ ကာလအတွင်း မြန်မာဘက်မှ ကြံတင်ယာဉ်မောင်းများအား တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ခွင့် ဦးစားပေးစမ်းသပ်ဆောင်ရွက်လိုကြောင်း အကြောင်းကြားခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီတွင် တရုတ်နိုင်ငံဘက်ခြမ်းမှ လင်ချန်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် ပြည်ပဆက်ဆံရေးဌာနမှူး၊ မိန်းတိန်ဂိတ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်၊ မိန်းတိန်ဂိတ် အကောက်ခွန်ဌာနအဖွဲ့ခေါင်းဆောင်တို့ ပါဝင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဘက်ခြမ်း မှ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး၊ ချင်းရွှေဟော် မြို့အုပ်ချုပ်ရေး မှူး ဦးသက်ဦးပိုင်၊ ချင်းရွှေဟော် နယ်စပ်စစ်ဆေးရေးစခန်းတာဝန်ခံ လူဝင်မှုကြီးကြပ်ရေးမှူး ဦးနိုင်ဝင်းဇော်၊ ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေးမှူး ဦးရှာမွေလခွန်းတို့ ပါဝင်သောအဖွဲ့နှင့်  နှစ်နိုင်ငံနယ်စပ် နမ့်ဖာဟော်တံတားပေါ်တွင် တွေ့ဆုံပြီး နံနက် ၁၀ နာရီခွဲမှစ၍ မိန်းတိန် ချင်းရွှေဟော်နယ်စပ်ဂိတ်ပေါက်တွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကြံတင်ယာဉ်မောင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကိန်းမခရိုင် မိန်းတိန်မြို့ရှိ နန့်ဟွာသကြားစက်ရုံသို့ တိုက်ရိုက်မောင်းနှင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း