
ဇန်နဝါရီ ၁ ရက် မှ ၃၁ ရက်ထိကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၃၀၁ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၂၄၂ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၁ ဒသမ၅၄၃သန်းဖြစ်၍ ကုန်သွယ်မှု လျာထားချက်အပေါ် ၇၀ ဒသမ ၁၆ ရာခိုင် နှုန်း ဆောင်ရွက်ခဲ့သည်။ ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန်ဒေါ်လာ ၄၂ ဒသမ ဝ၁၅ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇၂၂ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၆၆သမ ၇၃၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ လယ်ယာထွက်ပစ္စည်းအုပ်စု၊တိရစ္ဆာန် ထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စုနှင့် စက်မှုကုန်ချောပစ္စည်းအုပ်စုတို့ တင်ပို့မှုတွင် လျော့နည်းခဲ့သောကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁၉ သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၈၉ သန်း၊ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၁၄ သန်း လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော ဒီဇင်ဘာလ ကုန်သွယ်မှုအခြေအနေနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၇၂သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆၃၈ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၅၅ ဒသမ ၃၀၁ သန်းပိုမိုခဲ့ခြင်းဖြစ်သည်။ ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လယ်ယာထွက်ပစ္စည်း အုပ်စု၊ သစ်တောထွက်ပစ္စည်းအုပ်စု၊ တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စု၊ သတ္တုတွင်း ထွက်ပစ္စည်းအုပ်စု၊ စက်မှုကုန်ချောပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတို့ တင်ပို့မှုပိုမိုခဲ့ခြင်းဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ဝ၀၅ သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ဝ၉၅ သန်း၊ လူသုံးပစ္စည်းအုပ်စုတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၇ဒသမ ၅၃၈ သန်း တင်သွင်းမှု ပိုမိုခဲ့ခြင်းဖြစ် သည်။
အိမ့်(DOT)