
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံအတွင်းရှိ ပုံစံအမျိုးမျိုးသော ရိုးရာလက်မှု လက်ဝတ်ရတနာများကို ပို့ကုန်အဖြစ် တင်ပို့သွားမည်ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့သည်ကို Dhaka Tribune တွင် ဖေဖော်ဝါရီ ၁၁ ရက်က ရေး သားဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းက စီစဉ် ကျင်းပသည့် သုံးရက်တာ ကျောက်မျက်ရတနာပြပွဲတွင် လက်ဝတ်ရတနာ အလုပ်ရုံအတွက် စိန်ခေါ်မှုများနှင့် အလားအလာရှိသော ရှေ့ဆက်လှမ်း မည့်ခရီး ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ၌ ကျောက်မျက်ကျွမ်းကျင်ပညာ ရှင်များက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စား လှယ်များတင်ပြသည့် အဓိကအချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွှေ ကုန်ကြမ်းမရရှိနိုင်ခြင်း၊ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုမရှိခြင်း၊ ပြည်တွင်း ဈေးကွက်ကိုသာ မှီခိုနေရခြင်းသည် ရွှေကဏ္ဍအတွက် အဓိကစိန်ခေါ်မှု အချို့ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုးရာလက်မှုရွှေလက်ဝတ်ရတနာများကို လက်ပန်းထိမ်ဖြင့် ပြုလုပ်သည့် လုပ်ငန်းတွင် လုပ်သားအများအပြားရှိကြောင်း ဘင်္ဂလားဒေ့ရှ် ကျောက် မျက်လုပ်ငန်းရှင်များအသင်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် ရိုးရာလက်မှုရွှေလက်ဝတ်ရတနာများသည် အမေ ရိကန်၊ ကနေဒါနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဝယ်လိုအား ကောင်း မွန်ကြောင်းကိုလည်း ရေးသားဖော်ပြထားသည်။
https://www.dhakatribune.com/commerce
စစ်တွေကုန်သွယ်ရေးစခန်း