Main menu

Background

တာချိလိတ်ကုန်သွယ်ရေးစခန်းမှ   ယခင်တစ်ပတ်ထက် ကုန်သွယ်မှု ပိုမို

Fri, 03/03/2023 - 10:25 -- journal_editor

တာချီလိတ်  ကုန်သွယ်ရေးစခန်း (မယ်ယန်း) သည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  ဖေဖော်ဝါရီ ၁၁ ရက် မှ ၁၇ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၁ သန်း၊ သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁ဒသမ ၇၂၄ သန်း၊ ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၁၄၅သန်း ဆောင်ရွက် နိုင်ခဲ့သည်။ 
ယခင်တစ်ပတ် ကုန်သွယ်မှုအခြေအနေနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၅ သန်း ပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၁ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၄ သန်း ပိုမိုခဲ့ကြောင်းသိရသည်။
ပို့ကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် ပုစွန်ဖွဲ၊ ပလတ် စတစ်ဘူးခွံဟောင်း၊ ကတ်ထူစက္ကူအဟောင်း၊ လိမ္မော်သီး၊  ဆေးရွက်ကြီးတင်ပို့မှုတွင် လျော့နည်းခဲ့သော် လည်း ပြောင်း၊ တံမြက်စည်း ပိုမိုတင်ပို့နိုင်မှုကြောင့် ပို့ကုန် ပိုင်းတွင် ပိုမိုရခြင်းဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ယခင်တစ် ပတ်ထက် လယ်ထွန်စက်များ၊ စက်နှင့် စက်ပစ္စည်းများ၊ ဖန် ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ တွင်းထွက်ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက် ပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်၊ သတ္တုကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့် ကျွတ်များ၊ ဆေးဝါးပစ္စည်းများ၊ ဆပ်ပြာ၊ အားကစားပစ္စည်းများ၊ ချုပ်ပြီး အဝတ်အထည်များ၊ မီးဖို ချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့ သော်လည်း ဘိလပ်မြေ၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓာတုဗေဒ ပစ္စည်းများ၊  ပလတ်စတစ်  ကုန်ကြမ်းပစ္စည်းများနှင့် သံ၊ သံမဏိပစ္စည်းများ၊ လျော့နည်းတင်သွင်းခဲ့ခြင်းကြောင့် သွင်းကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် လျော့နည်းရခြင်းဖြစ်သည်။ 
အိမ့် (DOT)