Main menu

Background

မြိတ်ကုန်သွယ်ရေးစခန်း၏၂၀၂၃ ခုနှစ် နှစ်ဦးအဖွင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေ

Wed, 03/15/2023 - 13:02 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ရှိ မြိတ်ကုန်သွယ်ရေး စခန်းမှ ဒေသထွက် ကုန်ပစ္စည်းများအား တစ်ဖက်အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ရေလမ်းကြောင်းဖြင့် မြိတ်၊ ကော့သောင်းမှတစ်ဆင့် ရနောင်းမြို့သို့လည်းကောင်း၊ ကုန်းလမ်းကြောင်းဖြင့် တနင်္သာရီ မောတောင်မှတစ်ဆင့် ပရာကျွတ်ကရီခမ်သို့ လည်းကောင်း ပို့ကုန်သွင်းကုန်များအား အပြန်အလှန် ကုန်သွယ်မှုဆောင်ရွက် လျက်ရှိသည်။
မြိတ်  ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်  နှစ်ဦးအစ ဇန်နဝါရီလတွင် ပို့ကုန် ၄ ဒသမ ၇၉၀ ဒေါ်လာသန်း၊ သွင်းကုန်  ၉ဒသမ ၃၈၅  ဒေါ်လာသန်း၊ စုစုပေါင်း  ကုန်သွယ်မှုပမာဏ  ၁၄ ဒသမ ၁၇၅ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး   ဖေဖော်ဝါရီလတွင် ပို့ကုန် ၄ ဒသမ ၇၀၉ ဒေါ်လာသန်း၊  သွင်းကုန်  ၁၁ ဒသမ ၇၇၁ ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ  ၁၆ ဒသမ ၄၈၀ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ဖေဖော်ဝါရီလတွင်  ဇန်နဝါရီလထက် ကုန်သွယ်မှုပမာဏ    ၂ ဒသမ ၃၀၅ ဒေါ်လာသန်း    ပိုမိုဆောင်ရွက်နိုင်ခဲ့ သည်။ 
ဇန်နဝါရီလတွင်  တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ ရေထွက်ကုန်ပစ္စည်း များဖြစ်သည့် ငါးအသားလွှာ ၂၄ ဒသမ ၄၈ တန်၊ ငါးမှုန့် ၃၄၆၂ ဒသမ ၂၀ တန်၊ မုတ်ခွံ  ၁၆ ဒသမ ဝ၅ တန်တင်ပို့နိုင်ခဲ့ပြီး လယ်ယာထွက်ကုန် ပစ္စည်းများအနေဖြင့် ကြက်သွန်နီ  ၂၉၁ ဒသမ ၂၄ တန်၊ ရော်ဘာ  ၁၁၀၈ ဒသမ ၈၀ တန် တင်ပို့ နိုင်ခဲ့သည့်အပြင်   သတ္တုတွင်းထွက် ပစ္စည်းဖြစ်သည့်  ၁၀ တန် တင်ပို့နိုင်ခဲ့ သည်။ သွင်းကုန်တင်သွင်းမှု အနေဖြင့် ဒီဇယ် ၂၂၈၄ ဒသမ ၇၂  တန်၊ ဓာတ်ဆီ ၁၈၅၀ တန်နှင့် လုပ်ငန်းသုံးကုန်ကြမ်း ပုစွန်စာ တန် ၄၂၀ တင်သွင်းနိုင်ခဲ့သည်။
ဖေဖော်ဝါရီလအတွင်း တင်ပို့ခဲ့ သည့်  ကုန်ပစ္စည်းများအနေဖြင့် ရေ ထွက်ကုန်ပစ္စည်းများတွင် ငါးမှုန့် ၃၀၇၈ ဒသမ ၅ တန်၊ ငါးကြိတ်သား ၄၁ ဒသမ ၇၆၀ တန်၊ မုတ်ခွံ ၂၇ တန် တင်ပို့ခဲ့ပြီး လယ်ယာထွက်ကုန် ပစ္စည်းများအနေဖြင့် ကြက်သွန်နီ  ၃၁၈ ဒသမ ၄၀ဝတန်၊ ရော်ဘာ ၁၂၀၉ ဒသမ ၆၀ တန် တင်ပို့ နိုင်ခဲ့ပြီး  သွင်းကုန်တင်သွင်းမှုအပိုင်း အနေဖြင့် ဒီဇယ် တန် ၁၀၇၀ဝ၊ ဓာတ်ဆီ တန် ၁၇၅၀၊  လုပ်ငန်းသုံးကုန်ကြမ်း ပုစွန်စာ တန် ၁၂၀၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ ငါးဖမ်းပိုက်ကွန်များ၊ ရေ လုပ်ငန်းသုံးပစ္စည်းများ ၂၂ ဒသမ ၃၁၀ တန် တင်သွင်းနိုင်ခဲ့ခြင်းကြောင့်  ဇန်နဝါရီလထက် ကုန်သွယ်မှုပမာဏပိုမိုခဲ့ သည်။                                  

ရွှေမြိတ်