Main menu

Background

ပြောင်းနှင့် ရော်ဘာ တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရရှိ      

Tue, 03/28/2023 - 16:21 -- journal_editor

ပြောင်း
မတ်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၅၂၁၀ဝ တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆၁၀သန်း ရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၅၁၈၀ဝ ခန့်၊ ဖိလစ်ပိုင် နိုင်ငံသို့ ပြောင်း ၁၇၅ တန်နှင့် တရုတ်နိုင်ငံသို့ ပြောင်း ၁၂၅ တန် တင်ပို့ခဲ့သည်။
ယခုတစ်ပတ်     မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန်၂၀၁၇၀ခန့်၊ မြန်မာ-တရုတ်နယ်စပ်ကုန် သွယ်မှုမှ ပြောင်း ၁၀၄၈ တန်တင်ပို့ခဲ့သဖြင့် စုစုပေါင်း ပြောင်း ၂၁၂၁၈ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ  ၆ ဒသမ ၇၁၁ သန်းရရှိ သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ပြောင်း တန်ချိန် ၇၃၃၁၀ ကျော်  တင်ပို့နိုင်ပြီး    တန်ဖိုး အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၃၂၁ သန်း ရရှိသည်။    ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၃၈၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။
ရော်ဘာ
မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၅၁၉၀ ခန့် တင် ပို့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇၆ သန်းရရှိသည်။ တင်ပို့မှုအနေဖြင့်  တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၆၃၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာ ၂၃၇ တန်ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၂၀ ခန့်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၀ဝ နှင့် ဘင်္ဂလားဒေ့ရှ်သို့ ရော်ဘာတန်ချိန် ၁၀ဝခန့် တင်ပို့သည်။
ယခုတစ်ပတ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာ ၄၉၄ တန် တင်ပို့နိုင်သဖြင့်  အမေရိကန်ဒေါ်လာ သုည ဒသမ ၅၈၀ သန်း ရရှိသည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ   စုစုပေါင်း ရော်ဘာတန်ချိန် ၅၆၈၀ ကျော် တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၆ ဒသမ ၉၅၆ သန်း ရရှိသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၁၃၀ဝ ပိုမိုတင်ပို့ခဲ့သည်။      

အေးအေးသန့် (DOT)