Main menu

Background

မတ်လအတွင်း ပဲတန်ချိန် နှစ်သိန်းကျော်တင်ပို့

Mon, 04/24/2023 - 13:12 -- journal_editor

မတ် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲတန်ချိန် ၂၁၆၃၈၀ ကျော် တင်ပို့ခဲ့ခြင်းအား စုစည်းဖော်ပြလိုက်ပါသည်။

ပဲတီစိမ်း

မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ဝ၅၆ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၁၀၈၄၀ဝ တင်ပို့ခဲ့ရာ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ အများဆုံး တင်ပို့ခဲ့သည်။ တရုတ်နိုင်ငံသို့ ပဲတီစိမ်းတန်ချိန် ၇၉၂၅၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၀၄၀ဝ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၃၀၅၀၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၂၃၀ဝ နီးပါး၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၉၀ဝ ခန့် နှင့် အီးယူနိုင်ငံများသို့ တန်ချိန် ၁၆၀ဝ တင်ပို့ခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂၁၂ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၂၃၃၈၀ ခန့် တင်ပို့ခဲ့သဖြင့် နည်းလမ်းနှစ်သွယ်မှ ပဲတီစိမ်းတင်ပို့မှု တန်ချိန်စုစုပေါင်း ၁၃၁၇၈၀ ခန့် ရှိကြောင်း သိရသည်။

ပဲစင်းငုံ

မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၃၈၄ သန်းတန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၄၀၇၀ဝ ကျော်တင်ပို့ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်မှ ပဲစင်းငုံတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သဖြင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ စုစုပေါင်းပဲစင်းငုံတန်ချိန် ၄၀၈၀ဝ ကျော် တင်ပို့ခဲ့သည်။

မတ်ပဲ

မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မတ်ပဲတင်ပို့မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၈၉၁ သန်းဖိုးနှင့် တန်ချိန် ၄၃၄၈၀ ကျော်ဖြစ်သည်။ အများဆုံးတင်ပို့မှုများမှာ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၃၀၇၄၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၃၉၆၀ နီးပါး၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၇၈၀ ခန့်၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၅၀ဝ၊ အီးယူနိုင်ငံများသို့ ၃၅၅ တန်နှင့် ထိုင်းနိုင်ငံ၊ ယူအေအီးနှင့် အမေရိကနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှလည်း တန်ချိန် ၃၂၀ ကျော် တင်ပို့ခဲ့သဖြင့် နည်းလမ်းနှစ်သွယ်မှ မတ်ပဲတင်ပို့မှု တန်ချိန်စုစုပေါင်း ၄၃၈၀ဝ ကျော်ရှိခဲ့သည်။

မတ်လအတွင်း ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲတန်ချိန် စုစုပေါင်း ၂၁၆၃၈၀ တင်ပို့ခဲ့ကြောင်း သိရသည်။
CJ