ဓာတ်မြေသြဇာ
မတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈၃၁ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၄၀ဝ၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၂၀ဝ၀ဝ ခန့်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၄၈၀ဝ ကျော်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ခန့်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၈၀ဝ ကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၆၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ အစ္စရေးနိုင်ငံမှ တန်ချိန် ၂၆၀ ကျော်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၇၀ ကျော်၊ မက္ကဆီကိုနိုင်ငံမှ တန်ချိန် ၂၀ ကျော်၊ အိန္ဒိယနိုင်ငံမှ ၁၀ တန်ကျော် တင် သွင်းခဲ့ကြောင်းသိရသည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါ က ဓာတ်မြေသြဇာ တန်ချိန် ၉၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ မတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၉၉၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၂၂၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၈၀ဝ ကျော်၊ အိန္ဒိယနိုင်ငံမှတန်ချိန် ၃၀ဝ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၆၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၁၃၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
မတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၄ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၄၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၂၆၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၃၀ဝ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဘိလပ်မြေ တန်ချိန် ၆၀ဝ ကျော် ပိုမို တင်သွင်းခဲ့ကြောင်း သိရသည်။
အိမ့်(DOT)
