Main menu

Background

မတ်လအတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Tue, 04/25/2023 - 13:11 -- journal_editor

နို့ဆီ

မတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄၉ သန်းတန်ဖိုးရှိ နို့ဆီတန်ချိန် ၁၄၀ဝ ကျော် တင်သွင်းခဲ့သည်။ မလေးရှားနိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်နှင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၆၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၄၃၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ 

နို့မှုန့်

မတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ နို့မှုန့်တန်ချိန် ၁၆၀ဝ ကျော်ကို နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နို့မှုန့် တန်ချိန် ၈၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။​

​ဆေးဝါးပစ္စည်းများ

မတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၆  ဒသမ ၂၆၅ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၂၀ဝ ကျော် တင်သွင်းခဲ့သည်။ မတ်လအတွင်း အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဆေးဝါးပစ္စည်းများ တန်ချိန် ၆၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။                  

အိမ့်(DOT)