Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ မတ်လအတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 04/25/2023 - 14:24 -- journal_editor

မတ် ၁ ရက် မှ ၃၁ ရက်ထိ ကာလ အတွင်း  တာချီလိတ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၃၅  သန်း၊ သွင်းကုန်  အမေရိကန် ဒေါ်လာ ၈ ဒသမ ဝ၅၄ သန်း ကုန်သွယ် မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၈၉ သန်းဖြစ်သည်။ ကာလ တူလုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပါက  ပို့ကုန်  အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၁၆ သန်း    လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၃၅ သန်း  ပိုမိုခဲ့ပြီး ကုန်သွယ်မှုပမာဏအနေဖြင့်  တန်ဖိုး အမေရိကန်ဒေါ်လာ   ၆ ဒသမ ၂၈၀ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 
ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်း မှာ ရေထွက်ပစ္စည်းအုပ်စုနှင့် အခြား ပစ္စည်းအုပ်စုတွင် ပိုမိုတင်ပို့နိုင်ခဲ့သော် လည်း လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု၊ သတ္တုတွင်းထွက်အုပ်စုနှင့်  စက်မှုကုန် ချောအုပ်စုတို့ တွင် တင်ပို့မှုလျော့နည်းခဲ့ခြင်းဖြစ်ပြီး ကုန်ပစ္စည်း တစ်မယ်ချင်း အနေဖြင့် ဆန်ကွဲ၊ ပြောင်း၊ ကြက်သွန်နီ၊ လက်ဖက်ခြောက်၊    ကြက်သွန်ဖြူ၊ ထောပတ်သီး၊ ငရုတ်သီး (အစို)၊ လိမ္မော် သီး၊ ရွှေဖရုံသီး၊ ချင်းခြောက်၊ ုသ ဘမေု နှင့် ြညေါညေနျန   ီငသထငိန  လျော့နည်း တင်ပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လူသုံးကုန်ပစ္စည်းအုပ်စုတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၃ သန်း လျော့နည်းတင်သွင်းခဲ့သော်လည်း  ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုနှင့် လုပ်ငန်း သုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၅၆၈ သန်း ပိုမို တင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ကုန် ပစ္စည်း တစ်မယ်ချင်းအနေဖြင့် မော် တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်း များ၊  စက်နှင့်  စက်ပစ္စည်းများ၊ ဖန် ဆောက်လုပ်ရေးပစ္စည်းများ၊ တွင်းထွက် ဆောက်လုပ်ရေးပစ္စည်းများ၊  သံနှင့် သံမဏိပစ္စည်းများ၊  သတ္တုကုန်ကြမ်း ပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့်ကျွတ် များ၊ ချည်ထည်များ၊ အားကစားပစ္စည်း များနှင့် မီးဖိုးချောင်သုံးပစ္စည်းများ ပိုမို တင်သွင်းခဲ့သောကြောင့် ဖြစ်သည်။ 
အနီးစပ်ဆုံး  ကာလဖြစ်သော ဖေဖော်ဝါရီလ လုပ်ငန်းဆောင်ရွက်မှု နှင့် နှိုင်းယှဉ်ပါက    ပို့ကုန်ပိုင်းတွင် တန်ဖိုး   အမေရိကန်ဒေါ်လာ  သုည ဒသမ ၁၆၇ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၄၉ သန်း  ပိုမိုခဲ့ခြင်းကြောင့် ကုန် သွယ်မှု ပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၁၆ သန်း   ပိုမိုခဲ့ ကြောင်း သိရသည်။ ပို့ကုန်ပိုင်းတွင် ပိုမို ရခြင်းမှာ  လယ်ယာထွက်ကုန်ပစ္စည်း အုပ်စု တင်ပို့မှုတွင် လျော့နည်းခဲ့သော် လည်း   သစ်တောထွက်ကုန်ပစ္စည်း အုပ်စု၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စု၊ ရေထွက်ကုန်ပစ္စည်းအုပ်စု၊ စက်မှုကုန် ချောအုပ်စုနှင့် အခြားပစ္စည်း အုပ်စုတွင်  တန်ဖိုး   အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၁ သန်း ပိုမိုတင်ပို့နိုင်ခြင်း ကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ  လူသုံးကုန်ပစ္စည်းအုပ်စု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၅၃ သန်း လျော့နည်းတင်သွင်းခဲ့ သော်လည်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း အုပ်စုနှင့် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၀၃  သန်း  ပိုမိုတင်သွင်းခဲ့ခြင်း ကြောင့် ဖြစ်သည်။

အိမ့် (DOT)