Main menu

Background

ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော် တင်ပို့

Tue, 05/09/2023 - 12:11 -- journal_editor

ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၀၂ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၃၃၀ဝ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၉၃၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန် တန်ချိန် ၄၀ဝ၀ ခန့် တင်ပို့နိုင်သည်။
ဥရောပတွင်  ဆန်တင်ပို့သော နိုင်ငံများမှာ စပိန်နိုင်ငံသို့ ဆန် ၂၃၇၅  တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့  ဆန် ၁၁၇၅ တန်၊ တူရကီနိုင်ငံသို့ ဆန်တန် ချိန် ၁၈၀ဝ၊ အင်္ဂလန်နိုင်ငံသို့ ဆန်တန် ချိန် ၁၀ဝ၀၊ အီတလီနိုင်ငံသို့ ဆန်တန် ချိန် ၈၂၀ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊  ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၄၀ဝ၊  ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန်၃၅၀၊ ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၃၀ဝ၊ စလိုဗေးနီးယားနိုင်ငံ သို့ ဆန်တန်ချိန်၂၆၀၊ ချက်နိုင်ငံသို့ ဆန် တန်ချိန် ၂၀ဝ ကျော်နှင့် ဟန်ဂေရီနိုင်ငံ သို့ ဆန် ၁၂၅ တန်တင်ပို့ခဲ့သည်။ အာရှ  နိုင်ငံများဖြစ်သော မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၇၅၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန် ၁၁၉၇ တန်နှင့် ဟောင်ကောင်နိုင်ငံ သို့  ဆန်တန်ချိန် ၅၀ ကျော် တင်ပို့ခဲ့သည်။
ယခုတစ်ပတ် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၁၄၁၉၀ ကျော်တင်ပို့သဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၉၄ သန်းရရှိသည်။ တင်ပို့မှု အနေဖြင့် အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်ကွဲတန်ချိန်  ၁၀၈၇၀  ကျော်နှင့် အာရှနိုင်ငံများသို့  ဆန်ကွဲတန်ချိန် ၃၃၂၀ ကျော် တင်ပို့ခဲ့သည်။
အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန် ကွဲတင်ပို့မှုများမှာ ဘယ်လ်ဂျီယံနိုင်ငံသို့  ၆၀၂၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၆၂၀ ကျော်၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲ ၁၂၇၅ တန်ချိန်၊ ပိုလန် နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ၀၊ ပေါ်တူဂီ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၆၅၀ နှင့် စပိန် နိုင်ငံသို့  ဆန်ကွဲတန်ချိန်  ၃၀ဝ တင်ပို့ သည်။ အာရှနိုင်ငံများဖြစ်သော တရုတ် နိုင်ငံသို့  ဆန်ကွဲတန်ချိန် ၃၂၂၀ ခန့်နှင့် စင်ကာပူနိုင်ငံသို့  ဆန်ကွဲတန်ချိန် ၁၀ဝ တင်ပို့သည်။
ယခုတစ်ပတ် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  ဆန်နှင့်  ဆန်ကွဲတန်ချိန် ၂၇၅၀ဝ ခန့် တင်ပို့ခဲ့သည်။
အေးအေးသန့် (DOT)