Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဧပြီလအတွင်း ကုန်သွယ်မှုအခြေအနေ

Wed, 05/10/2023 - 11:11 -- journal_editor

ဧပြီ ၁ ရက် မှ ၃၀ ရက်ထိကာလ အတွင်း  တာချီလိတ်  ကုန်သွယ်ရေး စခန်းမှ   ပို့ကုန်  အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၅၆  သန်း၊  သွင်းကုန်  အမေ ရိကန်ဒေါ်လာ ၇ ဒသမ ဝ၈၈ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၄၄ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ်  ၈၉ ဒသမ ၅၇ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ သည်။  ကာလတူလုပ်ငန်းဆောင်ရွက် မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၃၁ သန်း လျော့ နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ  ၁ ဒသမ ၂၄၀ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၉ သန်း ပိုမိုခဲ့ကြောင်း  သိရသည်။
ကာလတူထက် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ရေထွက်ပစ္စည်းအုပ်စုတွင် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု၊ သစ်တောထွက်ပစ္စည်းအုပ်စု၊ သတ္တုတွင်းထွက်အုပ်စု၊ စက်မှုကုန်ချောအုပ်စုနှင့် အခြားပစ္စည်း အုပ်စုတွင် တင်ပို့မှု လျော့နည်းခဲ့ခြင်းဖြစ်သည်။  သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၀၉ သန်း  လျော့နည်း တင်သွင်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှု ပစ္စည်းအုပ်စုနှင့်   လုပ်ငန်းသုံးကုန် ပစ္စည်းအုပ်စုတွင်  တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၄၉ သန်း ပိုမိုတင် သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။
အနီးစပ်ဆုံး  ကာလဖြစ်သော မတ်လ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇၉ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၇၄၉ သန်း လျော့ နည်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၅ သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။  အနီးစပ်ဆုံးကာလထက် ပို့ကုန် ပိုင်းတွင်လျော့နည်းရခြင်းမှာ သစ်တော ထွက် ကုန်ပစ္စည်းအုပ်စုတွင် ပိုမိုတင်ပို့ နိုင်ခဲ့သော်လည်း လယ်ယာထွက်ကုန် ပစ္စည်းအုပ်စု၊ သတ္တုတွင်းထွက်ပစ္စည်း အုပ်စု၊ ရေထွက်ကုန်ပစ္စည်းအုပ်စု၊ စက်မှုကုန်ချောအုပ်စုနှင့် အခြားပစ္စည်း အုပ်စုတွင် တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်သည်။  သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ လုပ်ငန်းသုံး ကုန် ပစ္စည်းအုပ်စုတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၄ သန်း  ပိုမိုတင်သွင်း ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း အုပ်စုတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၉၀၉ သန်းနှင့် လူသုံးကုန်ပစ္စည်း များအုပ်စုတွင်   တန်ဖိုးအမေရိကန် ဒေါ်လာ သုည ဒသမ ၁၀၁ သန်း တင် သွင်းမှု  လျော့နည်းခဲ့ကြောင်း   သိရသည်။                           

အိမ့်(DOT)