Main menu

Background

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ရော်ဘာနှင့် ပြောင်းတင်ပို့မှု

Wed, 05/10/2023 - 15:42 -- journal_editor

ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၃၄၄၀ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၅၂၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၃၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၃၀ဝ၊ မလေးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၀ဝ ကျော်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄၃ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၁၂၅၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများမှာ ထိုင်းနိုင်ငံသို့ပြောင်း ၂၀၇၉၅ တန်ချိန်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၄၆၀ ကျော် တင်ပို့ကြောင်း စာရင်းများအရ သိရသည်။
အေးအေးသန့် (DOT)