Main menu

Background

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 05/23/2023 - 12:42 -- journal_editor

 မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ မေ ၆ ရက်မှ ၁၂ ရက်ထိ ကာလ အတွင်း  ပို့ကုန်တန်ဖိုး  အမေရိကန် ဒေါ်လာ ၈ ဒသ မ ၁၀၇ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၉၉ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၀၆ သန်းဖြစ်၍  ယခင်တစ်ပတ်ထက် ပို့ကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၈ သန်း၊   သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၀၅ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှု ပမာဏအနေဖြင့်  တန်ဖိုး အမေရိကန် ဒေါ်လာ ၇ဒသမ ၅၉၃ သန်းလျော့နည်း ခဲ့ကြောင်း သိရသည်။ 
ပို့ကုန်ပိုင်းတွင် အနီးစပ်ဆုံးကာလ ထက်  လျော့နည်းရခြင်းမှာ ပဲတီစိမ်း၊ မြေပဲဆန်၊  နှမ်းနက်နှင့် နနွင်းတက် တင်ပို့မှုတွင် ပိုမိုခဲ့သော်လည်း အဓိက ပို့ကုန်အမယ်များဖြစ်သည့် ဆန်၊ ပြောင်း၊ ရော်ဘာ၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ပဲလွမ်းဖြူနှင့်အခြားလယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့မှုလျော့နည်းခဲ့ခြင်း ကြောင့်ဖြစ်သည်။  ယခုတစ်ပတ်တွင် သွင်းကုန်ပိုင်း     လျော့နည်းရခြင်းမှာ မော်တော်ဆိုင်ကယ်  အပိုပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ)၊  ဆောက်လုပ် ရေးပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲ ယာဉ်များနှင့် အခြားယာဉ်များ၊ ရေနံ ထွက်ပစ္စည်းများ၊  စက်ဘီးအပိုပစ္စည်း များ၊  အခြားစက္ကူများ၊ အင်ဂျင်များ၊ တာယာနှင့် ကျွတ်များ ပိုမိုတင်သွင်းခဲ့ သော်လည်း မော်တော်ယာဉ်နှင့် မော် တော်ယာဉ်ပစ္စည်းများ၊ ချည်ထည်များ၊ စက်နှင့်စက်ပစ္စည်းများ၊ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်း များ၊ သံနှင့်သံမဏိ  ဆောက်လုပ်ရေး ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ တင်သွင်းမှု လျော့နည်းခဲ့သောကြောင့် ဖြစ်သည်။  

                        အိမ့် (DOT)