Main menu

Background

နယ်စပ်ဂိတ်များပုံမှန်ပြန်ဖြစ်ပြီးနောက် ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးသူ ပြန်များလာ

Tue, 05/23/2023 - 13:54 -- journal_editor

တရုတ်-မြန်မာနယ်စပ်ဂိတ်များ ပုံမှန်ပြန်ဖြစ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများ ပုံမှန်ပြန်လည်စိုက်ပျိုး လာကြောင်း ဒေသခံလုပ်ငန်းရှင်များထံမှ သိရသည်။ ကိုဗစ်ကာလအတွင်းက ကုန်သွယ်မှုများ နှောင့်နှေးခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း တစ်သျှူး ငှက်ပျောစိုက်ခင်းများ ထက်ဝက်ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် လည်ပတ်ခဲ့ပြီးနောက် တစ်သျှူးငှက်ပျောများ အရောင်းအဝယ်ဖြစ် ထွန်းခဲ့သည့်အတွက် ယခုနှစ်တွင် နေရာအားလုံး၌ ပုံမှန်အတိုင်း စိုက်ပျိုးမှုပြုလုပ်နေ ကြကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် တစ်သျှူးငှက်ပျောကို လွန်ခဲ့ သည့် ၂၀ဝ၆ခုနှစ်မှစတင်ကာ “ဘိန်းအစားထိုးသီးနှံ”အဖြစ် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နယ်စပ်လမ်းကြောင်းမှနေ၍ တရုတ်နိုင်ငံအတွင်း သို့ တင်ပို့နေခြင်းဖြစ်သည်။ တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးပြီး တရုတ်ကုန်သည်များက ဈေးကွက်အတွင်းဆင်းကာ ထွက်ရှိသည့်ငှက်ပျောများအား ကွင်းပြတ်ဝယ်ယူလေ့ရှိသည့်အပြင် ကြိုတင်မှာယူဝယ်ယူမှုများလည်းရှိကြောင်း သိရသည်။ ထို့ပြင် တစ်သျှူးငှက်ပျောကို စစ်ကိုင်းတိုင်းဒေသကြီးရှိ ငါးအိုးမြို့နယ်တွင်လည်း စိုက်ပျိုးပြီးထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို လွယ်ဂျယ်နယ်စပ်ဂိတ်မှ နေ၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

ပန်းဆု