Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 06/05/2023 - 12:56 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ  မေ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇၉ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၄ ဒသမ ဝ၅၈ သန်းဖြစ်၍ ယခင်တစ်ပတ်ထက် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၅၁ သန်းလျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၅၄ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။ 
ပို့ကုန်ပိုင်းတွင် အနီးစပ်ဆုံးကာလထက် ပြောင်း၊ ရော်ဘာစေး၊ လက်ဖက်ခြောက်၊ ခဲနှင့်သွပ်၊ ပလတ်စတစ်ဘူးခွံ အဟောင်း ပိုမိုတင်ပို့ခဲ့သော်လည်း ပုစွန်ဖွဲ၊  တံမြက်စည်း၊ ကတ်ထူစက္ကူအဟောင်း  တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် လယ်ထွန် စက်များ၊ စက်နှင့် စက်ပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်း များ၊ တွင်းထွက် (သတ္တုမှအပ)၊ ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးသီးနှံ ဆီများ၊ သုတ်ဆေး၊ ပေါလစ်များ၊ သတ္တုကုန်ကြမ်းပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း ဘိလပ် မြေ၊ ရုပ်မြင်သံကြားစက်များ၊ ရေနံထွက်ပစ္စည်းများ၊ ဓာတု ဗေဒပစ္စည်းများ၊ ပလတ်တစ်ကုန်ကြမ်းပစ္စည်းများ၊ သံနှင့် သံ မဏိပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့် ကျွတ်များ၊ ချည်ထည် များ၊ ပရိဘောဂများ၊ ချုပ်ပြီးအဝတ်အထည်များနှင့် အခြား ပစ္စည်းများ  လျော့နည်းတင်သွင်းခဲ့ခြင်းကြောင့် သွင်းကုန် တန်ဖိုး လျော့နည်းရခြင်းဖြစ်သည်။                      

အိမ့် (DOT)