Main menu

Background

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 06/05/2023 - 12:58 -- journal_editor

မူဆယ် ၁၀၅ မိုင်  ကုန်သွယ်ရေးဇုန်မှ  မေ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၈၂၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၁၃၅ သန်းဖြစ်၍  ကုန်သွယ်မှုပမာဏမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉၆၀ သန်းဖြစ်၍ ယခင်တစ် ပတ်ထက် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၄၉ သန်း လျော့နည်းခဲ့သော်လည်း  သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၉၇၂ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၃၂၂ သန်းပိုမိုခဲ့ကြောင်း သိရသည်။ 
ပို့ကုန်ပိုင်းတွင် အနီးစပ်ဆုံးကာလထက် လျော့နည်းရ ခြင်းမှာ မြေပဲဆန်၊ နှမ်းနက်၊ သရက်သီး၊ မင်းဂွတ်သီး၊ နနွင်း တက်၊ ချင်းစို၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့ ပိုမိုတင်ပို့ခဲ့ သော်လည်း ပဲတီစိမ်း၊ ဖရဲသီး၊ သီဟိုဠ်စေ့၊ ကြက်သွန်နီနှင့် အခြားလယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုလျော့နည်းခဲ့ ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းအနေဖြင့် ယခင်တစ် ပတ်ထက်  မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊  မီးဖိုချောင်သုံး ပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း ချည်ထည်များ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့်   တပ်ဆင်ရေးပစ္စည်းများ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ပလတ်တစ်ကုန်ကြမ်းပစ္စည်းများ၊ တွင်းထွက်ဆောက်လုပ်ရေး ပစ္စည်းများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊  ရေနံထွက် ပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ၊ ရုပ်မြင်သံကြားစက်များ ပိုမိုတင်သွင်းခဲ့သောကြောင့် သွင်းကုန်ပိုမိုခြင်းဖြစ်သည်။ 

အိမ့် (DOT)