Main menu

Background

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှု အခြေအနေ

Mon, 06/05/2023 - 12:59 -- journal_editor

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ မေ ၂၀ ရက်မှ ၂၆ ရက် အထိ တစ်ပတ်အတွင်း အများဆုံတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း  ၁၀မျိုး မှာ မြေပဲဆန် ၉၀၁ ဒသမ ၅၀ဝ တန်၊ တန်ဖိုး ၁ ဒသမ ၄၀၄ ဒေါ်လာ သန်း၊ ပဲတီစိမ်း ၁၅၅၄ တန်၊ တန်ဖိုး သုည ဒသမ ၉၂၉ ဒေါ်လာသန်း၊ ဆန်ကွဲ ၁၃၉၈ တန်၊ တန်ဖိုး သုည ဒသမ ၅၃၀ ဒေါ်လာသန်း၊ ရော်ဘာ ၃၃၇ တန်၊ တန်ဖိုး သုည ဒသမ ၃၈၃ ဒေါ်လာသန်း၊ ဝဥခြောက် ၁၁၈ ဒသမ ၄၃၅ တန်၊ တန်ဖိုး သုည ဒသမ ၂၁၃ ဒေါ်လာသန်း၊ ပဲယင်း ၂၆၈ ဒသမ ၅၀ဝ တန်၊ သုည ဒသမ ၂၁၁ ဒေါ်လာသန်း၊ နှမ်းညို ၉၆ ဒသမ ဝ၀၄ တန်၊ သုည ဒသမ ၁၅၆ ဒေါ်လာသန်း၊ နှမ်းနက် ၉၈ ဒသမ ၂၅၀ တန်၊ တန်ဖိုး သုည ဒသမ ၁၅၂ ဒေါ်လာသန်း၊ မြေ ထောက်ပဲ ၁၀၂ ဒသမ ၆၀၇ တန်၊ တန်ဖိုး သုည ဒသမ ၁၃၄ ဒေါ်လာ သန်း၊ လက်ဖက်ခြောက် ၁၀၅ ဒသမ ၂၁၁ တန်၊ တန်ဖိုး သုည ဒသမ ၁၀၃ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။
အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း ၁၀ မျိုးမှာ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ  ၄ ဒသမ ၄၅၈ ဒေါ်လာသန်း၊ ချည်ထည်များ ၄ ဒသမ ၁၂၇ ဒေါ်လာသန်း၊ သံနှင့် သံမဏိပစ္စည်း များ ၁ ဒသမ ၇၃၁ ဒေါ်လာသန်း၊ ဓာတ်မြေသြဇာ ၁ ဒသမ ၅၂၅ ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ ၁ ဒသမ ၂၆၆ ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်းများ သုည ဒသမ ၉၆၃ ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ သုည ဒသမ ၉၅၉ ဒေါ်လာ သန်း၊ လူသုံးအခြားပစ္စည်းများ သုည ဒသမ ၆၅၀ ဒေါ်လာသန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ သုည ဒသမ ၅၆၉ ဒေါ်လာသန်းနှင့်  ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ သုည ဒသမ ၅၃၂ ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။
ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုတစ်ပတ်တွင် ပို့ကုန်တစ်တန်လျှင် ကျပ် ၆၀ဝ၀ဝ  ရှိကြောင်း သိရှိ ရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ တစ်တန်ဈေးနှုန်းမှာ ဆန်  ၃၂၀ဝ ယွမ်နှုန်း၊ ဆန်ကွဲ  ၃၁၀ဝ  ယွမ်နှုန်း၊ ပဲတီစိမ်း ၅၉၀ဝ  ယွမ်နှုန်း၊ မြေထောက်ပဲ  ၈၀ဝ၀  ယွမ်နှုန်း၊ ပဲလွမ်းဖြူ ၄၇၀ဝ ယွမ်နှုန်း၊ ပြောင်း ၂၃၀ဝ  ယွမ်နှုန်း၊ နှမ်း ၁၂၀ဝ၀  ယွမ်နှုန်း၊ ရော် ဘာ ၈၀ဝ၀  ယွမ်နှုန်း၊ ငရုတ်အစို ၅၀ဝ၀ ယွမ်နှုန်း၊ ငရုတ်ခြောက် ၉၀ဝ၀  ယွမ်နှုန်း ရှိခဲ့ ကြောင်း သိရှိရသည်။    

 

                 ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း