Main menu

Background

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ မေလအတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 06/20/2023 - 11:23 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ  မေ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၉ဒသမ၂၀၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၇၈ သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ဒသမ ၃၇၉ သန်း ဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၁၂ဒသမ ၅၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ ကာလတူလုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပါက သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၅ သန်းနှင့် ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၂၅၆ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂  ဒသမ ၉၄၁ သန်း  လျော့နည်းခဲ့ ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင်  လျော့နည်းရခြင်းမှာ သစ်တောထွက်ပစ္စည်း အုပ်စုတွင်  တန်ဖိုး  အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၂ သန်း၊ သတ္တုတွင်းထွက်အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၈၄ သန်း၊ ရေထွက်အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၉သန်းနှင့် စက်မှုကုန်ချောအုပ်စုတွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၀၄ သန်း ပိုမိုတင်ပို့ခဲ့သော်လည်း လယ်ယာ ထွက်ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၇၃ သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၂ သန်း လျော့နည်းတင်ပို့ခဲ့သောကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စု တွင် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည  ဒသမ ၇၁၆ သန်း ပိုမိုခဲ့ သော်လည်း လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအုပ်စုတွင် ၁ ဒသမ ၂၀၃ သန်းနှင့်  လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၁၉၈ သန်း တင်သွင်းမှု  လျော့နည်းခဲ့သောကြောင့်ဖြစ် သည်။ 
အနီးစပ်ဆုံးကာလဖြစ်သော ၂၀၂၃ ခုနှစ် ဧပြီလ လုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၄ ဒသမ ၆၄၅ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂ဒသမ ဝ၉၀ သန်း  ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၆ဒသမ ၇၃၅ သန်း ပိုမိုခဲ့ခြင်း ဖြစ်သည်။ 
အိမ့် (DOT)