Main menu

Background

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 07/18/2023 - 10:27 -- journal_editor

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ဇူလိုင် ၁ ရက်မှ ၁၁ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၂၅၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၈၀ သန်း၊ ကုန်သွယ်မှုပမာဏ စုစုပေါင်း  ၄၀ ဒသမ ၇၃၀ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ 
အများဆုံးတင်ပို့ခဲ့သည့်  ပို့ကုန်ပစ္စည်း  ၁၀ မျိုးမှာ ပဲတီစိမ်း  ၆၉၃၄ ဒသမ ၅၂ တန်၊ တန်ဖိုး ၄ ဒသမ ၆၆၈ ဒေါ်လာသန်း၊ ပဲယင်း  ၃၆၈၃ ဒသမ ၂၅ တန်၊ တန်ဖိုး  ၂ဒသမ  ၉၉၆ ဒေါ်လာသန်း၊ မြေထောက်ပဲ ၁၀၈၅ ဒသမ ၃၈ တန်၊ တန်ဖိုး ၁ ဒသမ ၅၃၇ ဒေါ်လာသန်း၊ ရော်ဘာ  ၁၀၉၆ ဒသမ ၂၅ တန်၊ တန်ဖိုး  သုည ဒသမ ၇၃၃ ဒေါ်လာသန်း၊ ဆန်ကွဲ  ၁၆၄၁ ဒသမ  ၅၀ တန်၊တန်ဖိုး  သုည ဒသမ ၆၅၂ ဒေါ်လာ သန်း၊ ရော်ဘာကြမ်း  ၅၅၄ ဒသမ ၂၅ တန်၊ တန်ဖိုး သုည ဒသမ ၄၅၂ ဒေါ်လာသန်း၊ ထောပတ်ပဲ  ၃၇၄ ဒသမ ၂၅ တန်၊ တန်ဖိုး  သုည ဒသမ ၄၀ဝ ဒေါ်လာသန်း၊ စွန်တာနီပဲ  ၅၄၄ ဒသမ ၅၀ တန်၊ တန်ဖိုး  သုည ဒသမ ၃၂၇ ဒေါ်လာသန်း၊ ပဲကြီး  ၁၀၂ တန်၊ တန်ဖိုး  သုည ဒသမ ၁၀၃ ဒေါ်လာသန်း၊ နှမ်းနက်  ၆၄ ဒသမ ၅၀ တန်၊ တန်ဖိုး  သုည ဒသမ ၁၀ဝ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။
အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း ၁၀ မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ  ၉ ဒသမ ၇၇၅ ဒေါ်လာသန်း၊ ဓာတ်မြေသြဇာ  ၄ ဒသမ ၁၀၈ ဒေါ်လာသန်း၊ ချည်ထည်များ ၃ ဒသမ ၁၃၄ ဒေါ်လားသန်း၊ သံနှင့်သံမဏိ ပစ္စည်းများ(လုပ်ငန်းသုံး)  ဝ ဒသမ ၇၅၂ ဒေါ်လာသန်း၊ ဇာနှင့် ဇာထိုးထားသော အထည်အလိပ်များ သုည ဒသမ ၇၄၉ ဒေါ်လာသန်း၊ လေအေးစက်များ  သုည ဒသမ ၆၇၈ ဒေါ်လာ သန်း၊ စက်နှင့်စက်အပိုပစ္စည်းများ သုည ဒသမ ၅၉၃ ဒေါ်လာ သန်း၊ လျှပ်စစ်နှင့် လျှပ်စစ်အပိုပစ္စည်း  သုည ဒသမ ၃၄၉ ဒေါ်လာသန်း၊  ဓာတုဗေဒ ချည်ခင်များ   သုည ဒသမ ၁၉၃ ဒေါ်လာသန်းနှင့်  မီးဖိုချောင်သုံးပစ္စည်းများ  သုည ဒသမ ၁၁၇ ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ သည်။
ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုတစ်ပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင်  ၈၀ ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် ၁၇၀  ကျပ်၊ ကုန်ပွကားခ တစ်ပိဿာ လျှင်  ၁၈၅  ကျပ်ရှိကြောင်း သိရသည်။ လယ်ယာထွက်ကုန် ပစ္စည်းများ၏ တစ်တန်ဈေးနှုန်းမှာ ဆန် ၄၅၇ ဒေါ်လာနှုန်း၊ ဆန်ကွဲ ၄၄၂ ဒေါ်လာနှုန်း၊ ပဲတီစိမ်း  ၈၄၂ ဒေါ်လာနှုန်း၊ မြေထောက်ပဲ  ၁၁၄၂  ဒေါ်လာနှုန်း၊ ပဲလွမ်းဖြူ  ၆၇၁ ဒေါ်လာ နှုန်း၊ ပြောင်း ၃၂၈ ဒေါ်လာနှုန်း၊ နှမ်း ၁၇၁၄ ဒေါ်လာနှုန်း၊ ရော်ဘာ  ၁၁၄၂ ဒေါ်လာနှုန်း၊ ငရုတ်အစို ၇၁၄  ဒေါ်လာနှုန်း၊ ငရုတ်ခြောက်  ၁၂၈၅ ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။
မန္တလေး၊ လားရှိုး၊ သိန်းနီ၊ ကွမ်းလုံ၊ ချင်းရွှေဟော် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။                              

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း