Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ  ဇွန်လအတွင်း ကုန်သွယ်မှုအခြေအနေ 

Tue, 07/18/2023 - 10:47 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၂၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၁၈  သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၈  ဒသမ ၈၃၉ သန်းဖြစ်၍ ကုန်သွယ်မှု လျာထားချက်အပေါ် ၁၂၅ ဒသမ ၅၉ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ 
ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆၇ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈၄  သန်း  ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၅၁ သန်း ပိုမိုခဲ့ကြောင်း သိရသည်။  ပို့ကုန်ပိုင်းတွင် ကာလတူထက် သစ်တောထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၇ သန်း၊ ရေထွက်အုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၁၃ သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၅ သန်း လျော့နည်းတင်ပို့ခဲ့သော်လည်း လယ်ယာထွက်ပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၂၉၇ သန်း၊ သတ္တုတွင်းထွက် အုပ်စုတွင် သုည ဒသမ ဝ၉၅ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ သွင်းကုန်ပိုင်းတွင် ကာလတူထက်ပိုမိုရခြင်းမှာ လူသုံးကုန်ပစ္စည်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၉ သန်း လျော့နည်းခဲ့သော်လည်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စု တွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၆၇၅ သန်းနှင့် လုပ်ငန်းသုံးကုန် ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၅၁၈ သန်း ပိုမို တင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော မေလလုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၀ သန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၇၄၀ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၄၆၀ သန်း ပိုမိုခဲ့ခြင်းဖြစ်သည်။ ပို့ကုန်ပိုင်း တွင် လျော့နည်းရခြင်းမှာ လယ်ယာထွက်ပစ္စည်းအုပ်စု၊ သစ်တောထွက်ပစ္စည်း အုပ်စု၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စု၊ ရေထွက်ကုန်ပစ္စည်းအုပ်စု၊ စက်မှုကုန် ချောအုပ်စုနှင့် အခြားပစ္စည်းအုပ်စုများ တင်ပို့မှု လျော့နည်းခဲ့ကြောင့် ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စု တင်သွင်းမှုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၄၇၄ သန်း လျော့နည်းခဲ့ သော်လည်း လုပ်ငန်သုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၂၁၄ သန်း ပိုမိုတင်သွင်းခဲ့ခြင်းကြောင့် ဖြစ်သည်။                                              အိမ့် (DOT)