Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 07/31/2023 - 12:17 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်မှ  ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၈၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၁၀၅  သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၅  ဒသမ ၄၈၇သန်းဖြစ်ပြီး ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ၂၉၇ သန်း လျော့နည်း နေသော်လည်း သွင်းကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ ၅ဒသမ၅၅၄ သန်းပိုမိုတင် သွင်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ၂၅၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာသတ္တုတွင်းထွက် ပစ္စည်းများအုပ်စုနှင့် စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် တင်ပို့မှုပိုမိုခဲ့သော်လည်း ရေထွက်ပစ္စည်းများ၊   လယ်ယာထွက်ပစ္စည်းများနှင့်  အခြားပစ္စည်းအုပ်စုတွင် တင်ပို့မှု  လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ယခင်တစ်ပတ်ထက် သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ ရင်နှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၆ဒသမ ၅၇၉ သန်း၊ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၉ဒသမ ၇၇၉ သန်း ပိုမိုတင်သွင်းခဲ့ပြီး လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအုပ်စုတွင်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၈ဒသမ ၇၄၇ သန်း လျော့နည်းတင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ 
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ယခုတစ်ပတ် ကုန်သွယ်မှုတွင် ပြောင်း၊ မကျည်းသီး (အစေ့ပါ)၊ ချင်းခြောက်၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်း(အစို)၊ သခွား မျိုးစေ့၊ ကြက်ဟင်းခါးသီး (မျိုးစေ့)၊ ရှားစောင်းခြောက်၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊  ချုပ်ပြီးအထည်များနှင့် အခြားပစ္စည်းတို့တင်ပို့မှု  လျော့နည်ပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၂၉၇ သန်း လျော့နည်းခဲ့သည်။ သွင်းကုန်ပိုင်းတွင် ငါးဖမ်းပိုက်ကွန်များ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လေအေးစက်များ၊ အင်ဂျင်များ၊ စက်နှင့်စက်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင်သံမဏိ ဆောက် လုပ်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်းများ၊ မှန်ပြောင်း၊ ဓာတ်ပုံကင်မရာ၊ ရိုက်ကူးစက်နှင့် ဓာတုဗေဒဆိုင်ရာ ကိရိယာများ၊ ရေနံ ထွက်ပစ္စည်များ၊  ဓာတ်မြေသြဇာများ၊  သားရေတုဖြင့်ပြုလုပ်သော ပစ္စည်းများ၊ ရော်ဘာကုန်ကြမ်းပစ္စည်များ၊ သတ္တုကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊ အိမ်သုံး အပ်ချုပ်စက်များ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ ချည်ထည်များ၊ ဆေးဝါး ပစ္စည်းများ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ပရိဘောဂများ၊ အလှကုန်ပစ္စည်းမျိုးစုံ၊ ဆေး ရွက်ကြီးဖြင့် ပြုလုပ်သော ပစ္စည်းများ၊ ဇာနှင့် ဇာထိုးထားသော အထည်လိပ်များ၊ ချုပ်ပြီးအဝတ်အထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများ ပိုမို တင်သွင်းမှုကြောင့်ဖြစ်သည်။                                                          

  အိမ့် (DOT)