Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Mon, 09/11/2023 - 11:31 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ  သြဂုတ် ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိ ကန် ဒေါ်လာ ၃ ဒသမ ၄၃၂ သန်း၊ သွင်းကုန် တန်ဖိုး  အမေရိ ကန် ဒေါ်လာ ၄ ဒသမ ၄၂၇  သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၇  ဒသမ ၈၅၉  သန်းဖြစ်ပြီး ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်း တွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၁၈ သန်းပိုမို ခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၄ ဒသမ ၂၆၅ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၆၄၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
ကာလတူထက်ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ သစ်တော ထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၂၁ သန်း၊ ရေထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ  သုည ဒသမ ဝ၇၀  သန်း  လျော့နည်းခဲ့သော် လည်း  လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်း အုပ်စုတို့ တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။
သွင်းကုန်ပိုင်းတွင် ကာလတူထက်လျော့နည်းရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၀ သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၈၈၃ သန်းနှင့် လူသုံးကုန်ပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၁၇၂ သန်း လျော့နည်းတင်သွင်း ခဲ့ခြင်းကြောင့်ဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော ဇူလိုင်လ လုပ်ငန်းဆောင် ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၆၁၉ သန်း ပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၉ သန်းလျော့နည်းခဲ့ သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး  အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၂၀ သန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။
အနီးစပ်ဆုံးကာလထက်  ပို့ကုန်ပိုင်းတွင်  ပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင်  တန်ဖိုး  အမေရိကန် ဒေါ်လာ သုည  ဒသမ ၅၈၁ သန်း  လျော့နည်းခဲ့သော်လည်း စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၈ သန်း၊ အခြားပစ္စည်းအုပ်စုတွင် သုည ဒသမ ဝ၃၀ သန်း ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ   လူသုံးကုန်ပစ္စည်းအုပ်စုတွင်  သုည ဒသမ ဝ၁၆ သန်း ပိုမိုခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စု တွင် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည  ဒသမ ၆၀၆ သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် ၃ဒသမ ၁၄၉ သန်း လျော့နည်း ခဲ့ခြင်းကြောင့်ဖြစ်သည်။                                

 

 အိမ့် (DOT)