နယ်စပ်ကုန်သွယ်ရေးတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကော်မတီ(FESC)က ခွင့်ပြုထား သည့်သွင်းကုန်အမယ် ခုနစ်မျိုးအတွက် Online Trading အစီအစဉ်ဖြင့် နိုင်ငံခြားငွေ ရောင်းချ ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကုန်ပစ္စည်း ခုနစ်မျိုးမှာ သံ/ သံမဏိ၊ ကော်စေ့၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ဆိုလာနှင့် ယာဉ်ယန္တရားများဖြစ်ပြီး FESC က အတည်ပြုထားသည့် Draft Licenseများကို ခွင့်ပြုပေးသွားမည်ဖြစ်သောကြောင့် FESC No.နဲ့တကွ Online Matching တွင် မှတ်ချက်ဖြင့် တင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဘဏ်များအနေဖြင့်လည်း သွင်းကုန်လုပ်ငန်းရှင်များ တင်ပြလာချိန်တွင် FESC No.မှန်/မမှန် သေချာစွာ စစ်ဆေးကာ တင်ပြပေးရန် လိုအပ်ပြီး မှန်ကန်ပါက လိုအပ် သည့် နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိမည်ဖြစ် ကြောင်း သိရသည်။
ကျန်ရှိသည့်ပစ္စည်းများကို စီးပွား/ကူး သန်းမှ စစ်ဆေးပြီးမှသာ နိုင်ငံခြားငွေ ရောင်း ပေးမည်ဖြစ်ကာ ဝယ်ယူလိုသည့် ငွေကြေးပမာ ဏကို တစ်ချိန်တည်းရောင်းပေးပြီး ပမာဏများ ပါကခွဲ၍ရောင်းပေးမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်/သွင်းကုန်အတွက် ယွမ်ငွေတစ်မျိုးတည်းကိုသာ သုံးစွဲရမည်ဖြစ် ကြောင်း FESC က ဆုံးဖြတ်ထားခြင်းဖြစ်သည်။
သွင်းကုန်လိုင်စင် လျှောက်ထားသည့် အခါ ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်တွေမှ ဖြစ်စေ ဝယ်ယူထားသည့် ယွမ်ငွေရှိကြောင်း ဘဏ်စာရင်းကိုပါတင်ပြရမည်ဖြစ်ကြောင်း သိရ သည်။
ပန်းဆု