Main menu

Background

မူဆယ်နယ်စပ် ရေထွက်ကုန်တင်ပို့မှုများ ဖွံ့ ဖြိုးတိုးတက်မှုမှသည် တရုတ်နိုင်ငံအတွက် အဓိကရေထွက်ကုန်ဈေးကွက်ကြီးတစ်ခုဖြစ်လာစေရေး

Tue, 10/10/2023 - 12:33 -- journal_editor

မြန်မာ့ပို့ကုန်ကဏ္ဍတွင် ရေထွက်ပို့ကုန်သည်   အရေးပါသည့် ကဏ္ဍတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။လက်ရှိတွင် မြန်မာ့ရေထွက် ကုန်ပစ္စည်းများကို ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ ပေါင်း ၄၀ ကျော်သို့တင်ပို့လျက်ရှိပါသည်။ အဓိကအားဖြင့် ဈေးကွက် ကြီး လေးခုဖြစ်သည့် အရှေ့အလယ်ပိုင်း၊  ဆော်ဒီအာရေဗျ၊ ထိုင်းနှင့် တရုတ်ဈေးကွက်တို့ကို တင်ပို့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေထွက် တင်ပို့မှု ၄၅ ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းကြားကို တရုတ်နိုင်ငံသို့ တင်ပို့ လျက်ရှိရာ ရေငန်ငါးပြီးလျှင် ငါးရှဉ့် (အရှင်)နှင့် ကဏန်း(အရှင်)တို့ အများဆုံးတင်ပို့ကြောင်း တင်ပို့မှု ကိန်းဂဏန်းများအရ သိရှိရသည်။ တရုတ်နိုင်ငံသည်   မြန်မာ့ရေထွက်ပစ္စည်းများအတွက်   ဒုတိယမှီခို အားထားရာ ဈေးကွက်တစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး  အမျိုးသားပို့ကုန် မဟာဗျူဟာ   ၂၀၂၀-၂၀၂၅၏  အဓိကဦးစားပေးကဏ္ဍ(၈)ခုတွင် ရေထွက်လုပ်ငန်းကဏ္ဍသည်   စတုတ္ထမြောက်  ဦးစားပေးကဏ္ဍတွင် ပါဝင်နေပြီး ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ အသင်းအဖွဲ့လုပ်ငန်းရှင်များ  ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ရေလမ်း၊ လေကြောင်းလမ်းမှတင်ပို့ခြင်းအပြင်  ကုန်းလမ်းဖြစ်သည့် တရုတ်နယ်စပ်ပေါက်များမှလည်း တင်ပို့လျက်ရှိသည်။ ကိုဗစ် ကပ် ရောဂါကာလတွင်   တရုတ်နယ်စပ်ပေါက်များ   ယာယီပိတ်ပင်ခဲ့မှု ကြောင့် မူဆယ်နယ်စပ်မှ အများဆုံး တင်ပို့ခဲ့သော ငါးရှဉ့် ၊ ကဏန်း တို့ကို လေကြောင်းလိုင်းမှ တင်ပို့မှုရှိခဲ့သည်။
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်  ကဏန်းများကို ရန်ကုန်ရှိ အဝယ်ဒိုင်များတွင် စုဆောင်းပြီး တရုတ်နယ်စပ်သို့  ရန်ကုန်-မန္တလေး လမ်းကြောင်းနှင့် ရန်ကုန်-ကူမင်းလေကြောင်းတို့ဖြင့် တင်ပို့လျက်ရှိ သည်။ နယ်စပ်တင်ပို့မှုတွင် ကဏန်း(အရှင်)များကို လေပေါက်ဖောက် ထားသည့် ဖော့ဖာများတွင်  ရေခဲဘူးများထည့်သွင်း၍   ခြောက်ဘီး ယာဉ်ဖြင့်လည်းကောင်း၊ ငါးရှဉ့် (အရှင်)များကို ဖော့ဖာတွင် ရေထည့် ၍ ခြောက်ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီး စသည့် ယာဉ်အမျိုးမျိုးဖြင့်လည်းကောင်း သယ်ဆောင်ကြပြီး အရည်အသွေး  လက်ဆတ်ကောင်းမွန်စေရန်နှင့် အသေ/အမျော့နည်းပါးစေရန်  မန္တလေးတွင် တစ်ကြိမ်၊ မူဆယ်တွင် တစ်ကြိမ် ရေလဲလှယ်ပေးရကြောင်း၊  တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန် တွင်လည်း ထပ်မံ၍ ရေလဲလှယ်ပေးရကြောင်း ကဏန်း၊ ငါးရှဉ့် တင်ပို့ သူများထံမှ သိရှိရသည်။
မူဆယ်နယ်စပ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိချိန် တွင် အသေ/အရှင် ပြန်ရွေးပြီး ကဏန်းအရှင်များကို   ဝမ်တိန်မြို့မှ တစ်ဆင့် မန်စီလေဆိပ်သို့ တင်ပို့ပြီး လေယာဉ်ဖြင့် ကူမင်း၊ ကွမ်ကျိုး ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ကဏန်း၊  ငါးရှဉ့် တင်ပို့ရာတွင် (၁)ရက်လျှင် တန်ချိန် ၄၀ မှ ၅၀ ဝန်းကျင်အထိ တင်ပို့ လျက်ရှိပြီး တရုတ်နိုင်ငံ၏ လမုန့်စားပွဲတော်နေ့၊ အမျိုးသားအောင်ပွဲ နေ့၊ ြပေ ီပေ နေ့၊ အင်္ဂလိပ်နှစ်သစ်ကူးနေ့၊ တရုတ်နှစ်သစ်ကူးနေ့များ နှင့် တရုတ်အမျိုးသား အထိမ်းအမှတ်နေ့များတွင် ကဏန်းနှင့် ငါးရှဉ့် မှာ ဈေးကောင်း ပိုမိုရရှိကြောင်း၊ ဈေးကွက်ရောက်ရှိသည့်အချိန် ဗယ ယြ ဃ ဆိုဒ်ခွဲ၍  ဆိုဒ်အလိုက်   ကဏန်း(၂၅)ကီလို တစ်ဖာလျှင် ယွမ် ၃၅၀ မှ ၆၀ဝနီးပါးထိ ဈေးရကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့်  ပါကစ္စတန် နိုင်ငံတို့မှ ကူမင်းသို့  ကဏန်းရောင်းကုန် အဝင်ရှိလျှင် ဈေးမရဘဲ ကုန်အဝင်မရှိလျှင်    မြန်မာ့ကဏန်းမှာ ဈေးကောင်းရရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ 
၂၀၁၉ခုနှစ် မတိုင်မီ မြန်မာ့ရေထွက်ကုန်ပစ္စည်းသည် တရုတ် နိုင်ငံတွင် ဈေးကွက်တစ်ခု ခိုင်မာမှုရရှိခဲ့သော်လည်း ၂၀၁၉ နောက် ပိုင်းတွင်   ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်    တရုတ်နယ်စပ်ဂိတ်များ ယာယီပိတ်ထားချိန်တွင်   လေကြောင်းလိုင်းမှတင်ပို့ခဲ့ရာ ကုန်ကျ စရိတ် နှစ်ဆကြီးမြင့်ခြင်း၊ လေယာဉ်နေရာရရှိမှု အခက်အခဲများခြင်း တို့ကြောင့် တင်ပို့လိုသည့်ပမာဏအတိုင်း  မတင်ပို့နိုင်ခြင်း စသည့် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ပြန်လည်တင်ပို့ခွင့်ရရှိချိန်တွင် လေကြောင်းလိုင်းတင်ပို့မှုမှ  နယ်စပ် လမ်းကြောင်းဖြစ်သော မန္တလေး-လားရှိုး-မူဆယ်လမ်းကြောင်းဖြင့် ပြန်လည်တင်ပို့လာနိုင်ခဲ့သည်။
တရုတ်နယ်စပ်ထွက်ပေါက်ဖြစ်သည့်   မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးဇုန်မှ ရေထွက်တင်ပို့မှုတွင်   ငါးမျိုးစုံ၊ ငါးရှဉ့် ၊ ကဏန်း တင်ပို့မှုမှာ အဓိကအရေးပါသည့် ပို့ကုန်ဖြစ်သည်။  စစ်တွေ၊ အမ်း၊ ပဲခူး၊ ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှထွက်ရှိသော ငါးရှဉ့်များ ကို အဝယ်ဒိုင်များမှတစ်ဆင့်  ဝယ်ယူပြီး တရုတ်နိုင်ငံသို့  တင်ပို့ရာ တွင် (၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်အရောက် ရေလှယ်ခ အပါအဝင် (၄၀)ကီလိုတစ်ဖာ ကျပ်  ၃၅၀ဝ၀ မှ ၄၀ဝ၀ဝ ဝန်းကျင်ထိ ကုန်ကျ စရိတ်ရှိပြီး တစ်ဖက်နိုင်ငံ  ကူမင်းဈေးကွက်သို့ ရောင်းချရာတွင် တစ် ကီလို (၂၅) ယွမ်မှ ယွမ်(၃၀)ထိ ရနိုင်သဖြင့်    ငါးရှဉ့်ကုန်သည်များ တွက်ခြေကိုက်နေကြောင်း သိရသည်။ 
တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်သွင်းမှုအတွက် ဒေသဖွံ့ဖြိုးရေးအခွန်အပါအဝင် ၇% မှ ၁၀% အထိ ပေးဆောင်ရန် သတ်မှတ်ထားသော်လည်း အာဆီယံ-တရုတ်လွတ်လပ်သော ကုန် သွယ်မှုဒေသအတွက်  အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်း နိုင်ငံသက်သေခံလက်မှတ် ဃဥ င်္သမာ (င်္သမာ န) ရယူ၍  တင်ပို့ပါက အခွန်သက်သာခွင့်ရသဖြင့် လုပ်ငန်းရှင်များအတွက် အကျိုးအမြတ် ပိုမိုရရှိနေကြောင်း သိရှိရသည်။ 
ကိုဗစ်ရောဂါ မဖြစ်ပွားမီကာလက မူဆယ်နယ်စပ်မှတစ်ဆင့် ရေထွက်တင်ပို့မှုတွင် အေးခဲ ငါးမျိုးစုံ၊ အေးခဲပုစွန်နှင့် အခြား ရေ ထွက်များဖြစ်သည့် ငါးလေးခြောက်၊ ပုစွန်ဖွဲ၊ ကင်းမွန်ခြောက်၊  ပြည် ကြီးငါးခြောက်၊ ငါးဆားနယ်၊ ဂွေးပုစွန်ခြောက်တို့ တင်ပို့မှုရှိခဲ့သည်။ လက်ရှိကာလ ငါးမျိုးစုံ တင်ပို့မှုတွင် ငါးတံခွန်၊ ငါးတီး၊ ငါးနီတူငါးများ၊ ရေငန်ပုစွန်တင်ပို့မှုတွင် ဏငညုယ ျွှ့ငအန နှင့် ွှငါနမျ အမျိုးအစားများ အများဆုံးတင်ပို့ခဲ့သည်။ ယခုနှစ်တွင်  တရုတ်အကောက်ခွန်မှ ထုတ် ပေးသော ွနညနမေူ ဗာိငညငျအမအေငသည သ် ဃ့ငညနျန ဃကျအသျာ-ွဗဃဃ လက်မှတ်ရရှိမှသာ   တင်သွင်းခွင့်ပြုသဖြင့် ွဗဃဃ ရရှိထားသော ဟိန်းနဒီအောင်ကုမ္ပဏီမှ ကဏန်း၊ ငါးရှဉ့်တို့ကိုသာ အများဆုံးတင်ပို့ လျက်ရှိသည်။
လက်ရှိဘဏ္ဍာနှစ်တွင် နေ့စဉ် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်သို့ ကဏန်းကားစီးရေ ခြောက်စီးမှ  ၁၀ စီးထိ ဝင်ရောက်မှုရှိပြီး ငါးရှဉ့်ခြောက်စီးမှ ခုနစ်စီးထိ တန်(၄၀ မှ ၅၀)ဝန်းကျင်ခန့် ဝင်ရောက် မှုရှိပါသည်။ ၂၀၂၃ ခုနှစ်  ဧပြီလမှ သြဂုတ်လထိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ပုစွန်(၁၄၁.၇၆၇) တန်၊  ကဏန်း (၃၉၂၃.၈၆) တန်၊ ငါးရှဉ့် (၆၂၈၃.၄၀)တန် တင်ပို့နိုင်ခဲ့သည်။ 

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် တရုတ်နယ်စပ်ဂိတ်များမှ ရေထွက်ကုန်များ ပြန်လည်တင်ပို့ခွင့်ရရှိချိန်တွင် မူဆယ်ဒေသ နယ် မြေအေးချမ်းတည်ငြိမ်မှုမရှိ၍ လေကြောင်းလိုင်းမှသာ  တင်ပို့မှုများ ကြောင်း စုံစမ်းသိရှိရသည်။ ကုန်ဝယ်နိုင်ငံများ၏ စံချိန်စံညွှန်းသတ် မှတ်ချက် သို့မဟုတ် လိုအပ်ချက်အတိုင်း   တင်ပို့နိုင်ရန်   ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ် လျှောက်လုံး စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေး နိုင်ငံ၏ထွက်ကုန် အရည်အသွေးမြှင့်တင်ရန်  နည်းပညာနှင့်အရင်း အနှီးလည်း အထိုက်အလျောက် လိုအပ်သည်။ မူဆယ်နယ်စပ်နှင့်အနီးစပ်ဆုံး တရုတ်နိုင်ငံ  ကူမင်းရေထွက် ကုန်ဈေးကွက်တွင် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများသာမက ပါကစ္စတန်၊   ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်နိုင်ငံမှလည်း ဝင်ရောက်မှု ရှိရာ အရည်အသွေး လတ်ဆတ်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တင်ပို့နိုင်မှသာ ဈေးကွက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။   ဈေးကွက်ရရှိပြီး ဖြစ်သည့် ငါးရှဉ့်၊ ကဏန်းကို အရည်အသွေး လတ်ဆတ်ကောင်းမွန်စေ ရေး  နည်းပညာများ  မြှင့်တင်ဆောင်ရွက်နိုင်ရန်  အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ 
မြန်မာနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်သည့်တရုတ် နိုင်ငံတွင် မြန်မာ့ရေထွက်ကုန်များ ဈေးကွက်ဝေစုကြီးထွားလာစေရေး အတွက် ထုတ်လုပ်မှုနည်းပညာ အဆင့်မြှင့်တင်ရုံသာမက အချိန်တို အတွင်း ဈေးကွက်အတွင်း ရောက်ရှိနိုင်ရေး၊ ကုန်ကျစရိတ် လျှော့ချ နိုင်ရေးတို့ကို   ဝိုင်းဝန်းပံ့ပိုးပေးရမည်ဖြစ်သည်။  ရေထွက်ကုန်ထုတ် လုပ်မှု တိုးမြှင့်နိုင်ရေး လိုအပ်သောအရင်းအနှီးများ  ထောက်ပံ့ပေး ခြင်း၊ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေ ထုတ်ပေးခြင်းတို့ကို စီမံ ဆောင်ရွက်ပေးခြင်းဖြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်(ှကစစူပ ဃ့ငေည) တစ်လျှောက်လုံး  တရုတ်နိုင်ငံမှ စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေး မွေးမြူရေးလုပ်ငန်းရှင်၊ ကုန်သည်လုပ်ငန်းရှင်နှင့်အစိုးရတို့ ပေါင်းစပ် ဆောင်ရွက်ရန်လိုအပ်ပါမည်။ နိုင်ငံအတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင် တို့မှ သဘာဝအတိုင်းထွက်ရှိသော  ကဏန်း၊  ငါးရှဉ့်များကိုသာမက မွေးမြူရေးလုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်ပြီး နည်းပညာပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်ကြဖို့  တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သည်။ 
တရုတ်နယ်စပ်မူဆယ်မှ တင်ပို့သော ရေထွက်ကုန်များ တရုတ် နိုင်ငံ ကူမင်းဈေးတွင် ဈေးနှိမ်မခံရဘဲ ဈေးကွက်ဝေစု ပိုမိုတိုးချဲ့နိုင်ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသ၍လည်း ကောင်း၊ စီးပွားရေးသံမှူးများမှတစ်ဆင့် တရုတ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်းကောင်း  ဈေးကွက်ရှာဖွေ ဆောင်ရွက်ပေးရန်လည်း လိုအပ်သည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်   ကူမင်းမြို့ရှိ ီငညေခ့င ှုညအနမညအေငသညေူ ဃသညလနမျငသည ညေိ နထ့ငဘငအငသည ဃနညအနမ တွင် ၂၀၂၃ခုနှစ်၊ သြဂုတ်လအတွင်းက ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် တရုတ်-တောင် အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်   ကူမင်းကုန်စည်ပြပွဲတွင် မြန်မာ့လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်များ တင်ပို့နိုင်ရေး အတွက် မြန်မာကုမ္ပဏီများနှင့် တရုတ်အခြေစိုက်ကုမ္ပဏီများ နည်း ပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု  သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသဖြင့်  မြန်မာ့ရေထွက်ကုန်များ ဈေးကွက် ဝေစု ပိုမိုရရှိလာပြီး တင်ပို့မှု ပိုမိုလာနိုင်ကြောင်း လေ့လာတင်ပြလိုက် ရပါသည်။