Main menu

Background

၂၀၁၄ ခုနှစ်မှာ အိန္ဒိယနိုင်ငံသို့ ပင်လယ်ရပ်ခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀ ဘီလီယံထိ ရောက်ရှိလာ

Thu, 05/08/2014 - 09:40 -- ydnar

 

အိန္ဒိယနိုင်ငံမှာအထွေထွေရွေးကောက်ပွဲပြီးနောက် ပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်ပြီး တည်ငြိမ်တဲ့အစိုးရ တက်ရောက် လာ မှာကို မျှော်လင့်တဲ့အ တွက် ယခုချိန်ထိ အိန္ဒိယနိုင်ငံအတွင်း သို့ ဝင်လာမဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုက

ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်ရှိလာခဲ့ပါတယ်။
ပင်လယ်ရပ်ခြားရင်းနှီးမြှုပ်နှံသူ များထံမှ ရင်းနှီးငွေစီးဝင်မှုက ဒေါ်လာ ဘီလီယံ ၂၀၀ ထိ မှတ်တမ်းတင်မြင့် တက်ခဲ့ပါ တယ်။
နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ ရင်း နှီးမြှုပ်နှံသူ (Foreign Institutional Investors) တွေရဲ့ အိန္ဒိယ ရှယ်ယာ ဈေးကွက်တွေထဲကို ၂၀၁၄ ခုနှစ်နှစ်စ ကတည်းကရင်းနှီးမြှုပ်နှံမှုကရူပီး သန်း ဘီလီယံ ၃၀၀ (ဒေါ်လာ ၅ ဘီလီယံ) ရှိခဲ့ပါတယ်။ အလားတူ ခရက်ဒစ်ဈေး ကွက်တွေထဲမှာလည်း ရူပီး ဘီလီယံ ၂၉၀ ရှိတဲ့အတွက် စုစုပေါင်း ရူပီးဘီလီ ယံ ၆၀၀ နီးပါးရှိလိမ့်မယ်လို့ မတည်ရင်း နှီးငွေဈေးကွက်ကြီးကြပ်ရေးအဖွဲ့ အိန္ဒိယ အာမခံစာချုပ်များနဲ့ အိပ်ချိန်း ဘုတ်အဖွဲ့ (Sebi)  က ထုတ်ပြန်တဲ့စာ ရင်းဇယားတွေမှာ တွေ့ရပါတယ်။

 

ဒီအထဲမှာ ယခုနှစ်ဧပြီလက ရရှိ ခဲ့တဲ့ ရင်းနှီးမြှုပ်နှံငွေရူပီး ၁၅ ဘီလီယံလည်းပါဝင်ပါတယ်။ ဧပြီ ၂၅ ရက်အထိ ခရက်ဒစ်ေ ဈးကွက်တွေကနေ အသား တင်ထွက်ငွေမှာ ရူပီး ၇၀ ဘီလီယံရှိခဲ့ ပြီး ရှယ်ယာဈေးကွက်တွေကနေ အသားတင်စီးဝင်ငွေက ရူပီး ၈၅ ဘီလီယံရှိခဲ့ပါတယ်။ ဈေးကွက်ဝေဖန် ဆန်းစစ်သူတို့အဆိုအရ အိန္ဒိယနိုင်ငံ သို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု က မြင့် တက်မဲ့ အလားအလာရှိနေပြီး ရွေး ကောက်ပွဲကာလအလွန်မှာ တည်ငြိမ်တဲ့ အစိုးရဖြစ်ပေါ်လာလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။
အိန္ဒိယနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံသူအဖြစ် မှတ်ပုံတင်ထားသူ ၁၇၀၀ ကျော်ရှိပြီး လုပ်ငန်းခွဲက ၆၄၀၀ နီးပါးရှိပါတယ်။